Thursday 25 October 2012

တောင်ကြီးနှင့် မြစ်ကြီးနားတွင် မီးလောင်


ရှမ်းပြည်နယ် တောင်ကြီးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွေမှာ ဒီနေ့မနက်က မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ် ဌာနတွေက ပြောပါတယ်။


တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ ၀န်ထမ်းအိမ်ရာမှာ ရိုးရာ မီးပုံးပျံပွဲ အတွက် ပြင်ဆင်ရင်း  ဒီနေ့ မနက် ၁၀ နာရီလောက်က မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ၂ ခန်းတွဲအိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။

မီးပေါ့ဆမှုကြောင့် နတ်စောင်း မီးပုံးပျံ အဖွဲ့ခေါင်းဆာင် ဦးသက်နိုင်ထူးကို တိုင်ချက် ဖွင့်ထားတယ်လို့ မြို့နယ်မီးသတ်ဌာန ဒု-ဦးစီးမှူး ဒေါ်ရီရီလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမှာတော့ ဒီမနက် ၂ နာရီလောက်က  မြစ်ကြီးနား လေဆိပ်  ဈေးဆိုင်ခန်း တခုမှာ လောင်ကျွမ်းခဲ့တယ်လို့ မြို့နယ် မီးသတ်ဝန်ထမ်းတဦးက ပြောပါတယ်။

မီးအားမြှင့်စက် အသုံးပြုရာကနေ အပူလွန်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့  မြစ်ကြီးနား မီးသတ်ဌာနက ပြောပါတယ်။

By DVB

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment