Thursday 25 October 2012

ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် မီးရှို့မှု ဖြစ်ပွားနေ

စောမြင့်သန်း(ပေါက်တော)
===============================
ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မီးရှို့မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့ ဗ၀န်း ရပ်ကွက် တွင်ရှိသော ဘင်္ဂလီ များနှင့် ပေါက်တောဒေသခံ အချို့ ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ယခုအခါ တွင် ဗ၀န်းရပ်ကွက်ရှိ အိမ်အချို့နှင့် တောင်ဖူမြစ်ကမ်းနား တွင် နေထိုင်လျက် ရှိသော အိမ်အချို့ မှာ မီးလောင် မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယင်းပဋိပက္ခကြောင့် ပေါက်တောမြို့နယ်တွင် ဈေးဆိုင်များကို ပိတ်ကာ လက်ရှိ ကျောင်းများ ကိုလည်း ပိတ်ထားလျက်ရှိကြောင်း သိရသည်။

"မနေ့ကနေသတင်းကြားတဲ့အတွက် ကျောင်းသားတွေ စာမေးပွဲ ဖြေနေဆဲ အချိန်မှာ ဖြစ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာကို စိုးရိမ်တဲ့ အတွက် ဒီနေ့ ဖြေရမယ့် စာမေးပွဲကို ရပ်ထားလိုက်ရပါတယ် ။ မြို့လယ်ခေါင် ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ ဒါပေမယ့် ဘင်္ဂလီတွေရှိတဲ့ေ နရာတွေ မှာတော့ မီးရှို့မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ် ဈေးတွေကိုလည်း အားလုံးပိတ်ပြီး ဒေသခံတွေ မိမိအိမ်ကို ပြန်နေကြသလို တစ်ချို့ကာလသားတွေ ကလည်း မီးလောင်မှု ဖြစ်တဲ့နေရာတွေကို သွားနေကြပါတယ်" ဟု ပေါက်တောမြို့နယ် ဗ၀န်းရပ်ကွက် အနီးတွင် နေထိုင်သော ဒေသခံတစ်ဦးကပြောသည်။

By Yangon Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment