Thursday 25 October 2012

မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့  ကျောက်ဖြူ တို့ မှာ ပဋိ ပက္ခတွေ မငြိမ်းသေး


ရခိုင်ပြည်နယ် အတွင်း မင်းပြား၊
မြေပုံ၊ ကျောက်ဖြူနဲ့  မြောက်ဦးမြို့ 
စတဲ့ မြို့ နယ် တချို့ မှာ ရခိုင် တိုင်းရင်း
သား တွေနဲ့ မွတ်ဆလင် တွေကြား

အကြမ်းဖက် ပဋိပက္ခ တွေ ဆက်လက် ဖြစ်ပွား နေပါတယ်။

မြောက်ဦးမြို့ နယ် ပရိန် ရခိုင်ရွာကို အင်္ဂါနေ့ မနက်က အစ္စလာမ် ဘာသာဝင်
တချို့  ဝင်ရောက် တိုက်ခိုက် ခဲ့တယ်လို့ မြောက်ဦးက လာတဲ့ သတင်းတွေ အရ
သိရ ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များမင်းပြားနဲ့ မြောက်ဦးမြို့ နယ်တွေမှာ ရွာမီးရှို့မှုဖြစ်ပွား
အိုအိုင်စီရုံး မဖွင့်ရေး ရခိုင်မှာ ဆန္ဒပြကျောက်ဖြူ မြို့ က အစ္စလာမ် ဘာသာဝင် မိသားစု
တချို့  ကတော့ စက်လှေ အစီး ၄၀ ကျော်နဲ့  ပင်လယ်ပြင်ကို ထွက်ပြေး ခဲ့ရ တယ်လို့ 
မျက်မြင် သက်သေ တွေက ပြောပါတယ်။

သတင်း တချို့  အရ အဲဒီ စက်လှေ တွေဟာ စစ်တွေ မြို့  သဲချောင်းဝ ကို ရောက်
ရှိနေပြီး သဲချောင်း ရွာဆီ သွားဖို့ ကြိုးစား နေကြတယ်လို့  ဆိုပါတယ်။မြေပုံမြို့ မှာ အင်္ဂါ နေ့က တောင်ပေါ်ကို ထွက်ပြေး နေခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင် ရွာသား
တွေနဲ့ ရခိုင် တချို့  အကြား ခိုက်ရန် ဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မင်းပြား မြို့ နယ်က ကျေးရွာ တချို့ မှာ အခြေ အနေ ဆက်လက် တင်းမာ နေပြီး မွတ်ဆလင်ကျေးရွာ ဖြစ်တဲ့ ဆင်ပြင်ကြီး ရွာကို ရခိုင်လူမျိုးတွေက ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက
တည်းက စတင် ဝိုင်းထားပြီး ညပိုင်း အထိ လည်း ဆက်ဝိုင်း ထား တယ်လို့ သိရပါတယ်။

ရန်ကုန်က ရဲတပ်ရင်း တစ်ခုကို စစ်တွေ မြို့ မှာ ချထားပြီး စစ်တွေက ရဲတပ်ဖွဲ့တွေ
ကိုတော့ ပဋိ ပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ တိုးမြှင့် ချထား ပေးတယ်လို့ အာဏာပိုင်
တွေက ဘီဘီစီကို ပြောပါတယ်။လတ်တလော ဖြစ်ပေါ်လာတဲ့ အခြေ အနေ တွေနဲ့
ပတ်သက်ပြီး ပြည်နယ် အစိုးရ အနေနဲ့ လုံခြုံ ရေး အလုံ အလောက် ပေးဖို့  ကြိုးစား
နေပေမဲ့ လိုအပ် လာရင် ပြည်ထောင်စု အစိုးရ ဆီက အကူအညီတွေ တောင်းခံ
သွားမယ်လို့ ပြောပါတယ်။

By BBC Burmese

No comments:

Post a Comment