Thursday 25 October 2012

မနေ့ ညပိုင်းနှင့် ယနေ့ မနက်ပိုင်းရခိုင်ပြည်နယ်သတင်းများစုစည်းမှု


ယခုနောက်ဆုံး မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်ဖြူနှင့် မြောက်ဦးမြို့များ လုံခြုံရေးအဆင့် မြှင့်

၁။ ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလီအမျိုးသမီးများက ရခိုင်တိုင်းရင်းသားနေအိမ်များသို့ မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ညေ
နပိုင်းတွင် ပဋိပက္ခ ဆက်လက် ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘင်္ဂလီအချို့သည် လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူများ မရှိ၊ ဒဏ်ရာ ရရှိသူ(၁၀)ဦးခန့် ရှိကြောင်း သိရှိရသည်။

၂။ ယနေ့နံနက်ပိုင်း မြောက်ဦးတွင် မင်းပြားနှင့် မြောက်ဦးမှ သံဃာများ အပါအဝင် လူပေါင်း(၄)သောင်းခန့် စုစည်း၍ ဘင်္ဂလီများကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော်လည်း ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့များ၊ ဆရာတော်သံဃာများ၊ ရတညပါတီ၊ မြို့မိမြို့ဖများ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ပြန်လည် အေးချမ်းသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

၃။ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်မသက်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် ၂၂-၁၀-၂၀၁၂ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ယနေ့ ဖြစ်ပွားလာသော အခြေအနေများအရ ထိရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများ အဓိက ဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် "လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ယနေ့ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း" အသိပေးအပ်ပါသည်။

Ref: Hmuu Zaw

ရခိုင်ပြည်နယ်အတွင်း ယခုလအတွင်း ဘင်္ဂလီကုလားများ၏ အကြမ်းဖက်ခံရမှုကြောင့် သရက်အုပ်ကျေးရွာအနီး မီးလောင်နစ်မြုတ်သွားသော လှေအားတွေ့ရစဉ်





ည ၉း၃၀ မောင်တောသတင်း
---------------------------------
မောင်တောမြို့တွင် ၂၅ ရက်နေက မနက်(၃)နာရီမှ (၅)နာရီအတွင်း ကုလားများမှ ကုရ်ဘာနီပွဲတော်နှင့်စပ်လျဉ်း၍ သံချောင်းတီးခေါက်မည်ဖြစ်ကြောင်းသိရပါသည်။ ယခုကဲ့သို့ မတည်ငြိမ်သည့်ကာလတွင် နံနက်မှောင်နေသည့်အချိန်အတွင်း ဆူညံစွာဖြင့် သံချောင်းမတီးခေါက်စေသင့်သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက ဘာသာရေးပွဲတော်တစ်ခုဖြစ်၍ ထုံးတမ်းနှင့်အညီ ခွင့်ပြုပေးထားကြောင်းသိရသည်။ အဆိုပါသံချောင်းခေါက်ချိန်တွင် မောင်တောမြို့တစ်ခွင်ရှိ မြန်မာတိုင်းရင်းသားများ အနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်းကိုလည်း သက်ဆိုင်ရာမှ အသိပေးထားကြောင်း လည်းသိရသည်။ နောက်ဆက်တွဲသတင်းအရ ယခုညအချိန်တွင် မောင်တော် SB ရုံးရှေ့မှ ကုလားအများစုသည် အိမ်ပြောင်းနေကြကြောင်းလည်းသိရသည်။ မည်သည့်အတွက်ကြောင်းပြောင်းရွေ့ရခြင်းနှင့် မည်သည့်နေရာသို့ ပြောင်းရွှေ့ခြင်းကို လတ်တလောအခြေအနေတွင် မသိရှိရသေးကြောင်း မောင်တောမြို့ခံသားတစ်ဦးမှ RSV သို့ပြောကြားခဲ့ပါသည်။ လတ်တလော မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာ မီးတိုက်ခံရသည့်သတင်းမှာမူ ကောလဟာလ သတင်းသာဖြစ်ကြောင်းသိရသည်။ ဖားဝပ်ချောင်းကျေးရွာမှာ ယခုထက်တိ တည်ငြိမ်အေးချမ်းသည့်အနေထားတွင်ရှိကြောင်းသိရသည်။ သို့ရာတွင် အဆိုပါကောလဟာလသတင်း၏ ရှေ့ပြေးအဖြစ် ယနေ့ နေ့လည်တွင် ဖားဝပ်ချောင်းမှ အိမ်ထောင်စုအချို့သည် မောင်တောမြို့တွင်းသို့ပြောင်းရွေ့လာခဲ့ကြောင်းသိရသည်။
Photo Credit : Kohtoohtoo Nyuntlwin


နောက်ဆုံးသတင်း
--------------------
ကျောက်ဖြူမြို့မှ ထွက်ပြေးသွားသော ဘင်္ဂလီများသည် ညနေ ငါးနာရီခန့်အချိန်ထိ ကျောက်ဖြူမြို့အနီးတစ်ဝိုက်တွင် လှေများကို ရေထဲသို့ တွန်းချကာ ရှိနေခဲ့သော်လည်း လက်ရှိတွင် ဘင်္ဂလီကုလားများ ကျောက်ဖြူမြို့ပေါ် ရပ်ကွက် များတွင် မရှိတော့ကြောင်း RSV သတင်းထောက်ကပြောပါသည်။
ယင်းတွက် ထွက်ပြေးသွားသော စက်လှေ အရေအတွက်မှာ ၁၀၀ ၀န်းကျင်ရှိ ကြောင်းနှင့် ပင်လယ်ပြင်တွင် ရှိသည့်ကျွန်းတစ်ခုတွင် ရောက်ရှိနေနိုင်ခြေရှိ ကြောင်းလည်း ဒေသခံများက ပြောပါသည်။
သို့သော်လည်း တိုင်းရင်းသားများအနေဖြင့် ဒေသလုံခြုံရေးအတွက် စောင့်ကြည့် နေကြဆဲဖြစ်ကြောင်းလည်း သိရှိရပါသည်။

ည ၁၁း၀၀ နာရီသတင်း
-------------------
မြေပုံမြို့တွင် ဒေသတည်ငြိမ်အေးချမ်းသာယာစေရေးအတွက် ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ညမထွက်ရအမိန့်ကန့်သတ်ချိန်မှာ ည ၇း၀၀ နာရီမှ မနက် ၅း၀၀ နာအတွင်းဖြစ်ကြောင်းသိရသည်။

၂၅-၁၀-၂၀၁၂ နေ့မနက်၊ ၆း၃၀ သတင်း
----------------------------------------
ယနေ့မနက်တွင် ကျောက်တော်မြို့နယ်နှင့်အနီးတ၀ိုက်တွင် အခင်းတစ်စုံတရာဖြစ်ပွားနေ၍ ကားလမ်းကြောင်းများအား ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါကားလမ်းကြောင်းများပိတ်ထားလိုက်သည့်အတွက် ကျောက်တော်မြို့သို့ ခရီးဆက်နေသော ရွှေပြည်သား၊ တိုးရတနာ၊ ရိုးမသစ္စာကားတို့မှာ ပုဏ္ဏားကျွန်းမြို့တွင် ရပ်တန့်နေရကြောင်းသိရသည်။ အခင်းဖြစ်ပွားနေသည့်နေရာနှင့် အကြောင်းအရာကို ဆက်လက်စုံစမ်းနေပါသည်။

Rakhine Straight Views (Facebook) မှသတင်းများကိုစုစည်းတင်ပြပေးလိုက်ပါသည်။

By Rakhine Straight Views

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)




No comments:

Post a Comment