Tuesday 30 October 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ညှိနှိုင်းမှုပြက်ပျက်ကာ ဒေသခံ ၂၀၀၀ သပိတ်မှောက်


October 30, 2012

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းနှင့်ပတ်သက်ပြီး ဦးပိုင် ကုမ္ပဏီဘက်မှ သက်ဆိုင်ရာ တာ ၀န်ရှိသူများက ဆားလင်းကြီးမြို့ နယ်
ရွာ(၂၆)ရွာရှိ ရွာသူရွာသား များနှင့် တွေ့ဆုံပြီးညှိနှိုင်းရာကျေး ရွာနေသူ လူပေါင်း(၂၀၀၀)ကျော် ခန့်က လက်မခံဘဲ သပိတ်မှောက် ခဲ့ကြကြောင်း ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး၏ ပြောပြချက်အရ သိရသည်။
““ဦးပိုင်ကုမ္ပဏီဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွာသူ၊ ရွာသားတွေကို အောက် တိုဘာ (၂၉)ရက်က ခေါ်ယူညှိ နှိုင်းခဲ့တယ်။ ဦးပိုင်ကုမ္ပဏီဘက် က တာဝန်ရှိသူတွေက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း ဟာ နိုင်ငံတော် စီမံကိန်းဖြစ်တဲ့ အတွက် ဆက်လက်လုပ်ဆောင် မယ်ဆိုပြီး ပြောဆိုတဲ့အတွက် သွားရောက်ညှိနှိုင်းတဲ့ ရွာသူ၊ ရွာ သား (၂၀၀၀)ကျော်ခန့်က လုံး ၀လက်မခံပါဘူး””ဆိုပြီး အကျိုး ဆောင်ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံ ရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများနှင့် မြန်မာ့စီးပွားရေး ဦးပိုင်၊ တရုတ်ဝမ်ဘိုကုမ္ပဏီတို့ ပဋိပက္ခ ဖြစ်နေသည်မှာ ယခု အချိန်အထိ ပြေလည်ခြင်းမရှိ သေးကြောင်း၊ နေ့စဉ် ဆန္ဒပြမှု များဖြစ်ပွားလျက် ရှိကြောင်း သိရ သည်။

မျိုးမြင့်၊တူးတူး

By Hot News Weekly

No comments:

Post a Comment