Tuesday 30 October 2012

ဆိုင်ကယ်အချင်းချင်း အနောက်မှဝင်တိုက်မှုတောင်တွင်းကြီးမြို့နယ် တွင်ဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ဆတ်သွားရဲစခန်းအရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာ ဖျောက်ဆိတ်ကုန်းကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၈.၁၀.၂၀၁၂)ရက်နေ့ ညနေ (၃း၁၅)အချိန်ခန့်က
တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားရဲစခန်းပိုင် ဖျောက်ဆိတ်ကုန်း
ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွားနေကြောင်းသတင်းအရ တာဝန်မှူး တပ်ကြပ်ကြီး ကျော်မြိုင်နှင့်အဖွဲ့သည် သက်သေ ဖျောက်ဆိတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထွန်း၊ ဦးစိုးလွင်တို့နှင့်အတူ အခင်းဖြစ် အရပ်သို့ သွားရောက်စစ်ဆေးရာ ဖျောက်ဆိတ်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၂၇၂/၃ နှင့် ၂၇၂/၄ အကြား တံတားအမှတ် ၂၇၃/၅ အနီး တောင်တွင်း-ပြည် ကားလမ်းမကြီးပေါ်တွင် တောင်တွင်းကြီးမှ ဆတ်သွားဘက်သို့ မယမင်းနိုင် (၁၉)နှစ်၊ (ဘ)ဦးပြည်အေး ဆတ်သွား (၅) ရပ်ကွက်နေထိုင်သူမှ ယဉ်အမှတ် – ၁၉ယ/၈၃၅၂၉ (၁၂၅)အမျိုးအစား (အနက်ရောင်)ဆိုင်ကယ် လိုင်စင်မရှိ အနောက်တွင် မိခင်ဖြစ်သူ ဒေါ်တင်မြင့်ကြည် (၄၉)နှစ်၊ (ဘ)ဦးမြမင်း
ဈေးရောင်း ဆတ်သွား(၅)ရပ်ကွက်နေသူအား တင်ဆောင်၍ စီးနင်းလာစဉ် နောက်မှ သန်းဆောင် (၂၀)နှစ်၊ (ဘ)ဦးအောင်ချစ်စိန်
တောင်သူ သရက်ခုံကျေးရွာနေသူမှ ယဉ်အမှတ် – ၂၈ယ/၅၆၈၅၃ (၁၂၅) အမျိုးအစား (အနက်ရောင်)ဆိုင်ကယ် လိုင်စင်ရှိ နောက်တွင် ညီမဖြစ်သူ မိုင်စုစုအောင် (၁၄)နှစ်၊ (ဘ)ဦးအောင်ချစ်စိန်၊ မိုင်လဲ့လဲ့ဝင်း (၁၇)နှစ်၊ (ဘ)ဦးလှမြင့်တို့အား နောက်မှတင်ဆောင်၍ ၄င်းလမ်းအတိုင်း စီးနင်းမောင်းနှင်လာစဉ် မယမင်းနိုင် စီးနင်းလာသည့် ဆိုင်ကယ်အား
နောက်မှ ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်များလဲပြီး ဒေါ်တင်မြင့်ကြည်၏ ၀ဲဘက်လက်ချောင်းများ ပွန်းပဲ့ဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊
အောက်နှုတ်ခမ်းပွန်းပဲ့ဒဏ်ရာနှင့် သန်းဆောင်၏ ယာဘက်မျက်လုံးအောက် ပွန်းပဲ့ဒဏ်ရာ၊ ယာမေးစေ့အောက် ပေါက်ပြဲဒဏ်ရာ၊ ယာတင်ပဆုံ ပွန်းပဲ့ဒဏ်ရာများ ရရှိသည်ကို တွေ့ရှိရသည်ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ သန်းဆောင်(၂၀)နှစ်၊ (ဘ)ဦးအောင်ချစ်စိန် တောင်သူ သရက်ခုံ
ကျေးရွာနေသူအား ဥပဒေအရ အရေးယူပေးပါရန် ဆတ်သွားရဲစခန်းမှ တပ်ကြပ်ကြီးကျော်မြိုင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆတ်သွားရဲစခန်းမှ (ပ)၁၅၉/၂၀၁၂ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူထားပြီး အမှုစစ်ဒုရဲအုပ် မျိုးမင်းဝင်းက အမှုအား
ဆက်လက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)

By Hot News Weekly

No comments:

Post a Comment