Tuesday 30 October 2012

သီတင်းကျွတ်လပြည့်နေ့ နှင့် မဲဆောက်ဒေသအလှူ


သောင်ရင်းမြစ်ကို ဖြတ်နေကြသည့် စုပေါင်းအလှူပဒေသာပင် နှင့် အလှူရှင်များ၊ ကုသိုလ်ပြုသူများ (ဓာတ်ပုံများ  - ပြည်တော်မြင့်/ဧရာဝတီ)

ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ  ထောင်နှင့်ချီသည့် မြန်မာအလုပ်သမားများ၏ စုပေါင်း ကုသိုလ်ပြုပွဲများကို တွေ့ကြရသည်။

စုပေါင်းပဒေသာပင်များ နှင့် အခြား လှူဘွယ်အစုစုကိုလည်း  မြ၀တီမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ နယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကာ ကုန်းတတန် ရေတတန် သယ်ဆောင်ပြီး သွားရောက် လှူဒါန်းခဲ့ကြသည်။

မဲဆောက်မြို့နယ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း ၅ ကျောင်းများတွင်လည်း  သစ်သီးဆွမ်း လောင်းလှူပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲများကို ဒေသခံတို့နှင့်အတူ စုပေါင်း ကုသိုလ်ပြုခဲ့ကြသည်။

မဲဆောက်မြို့ မြန်မာကျောင်း ၅ ကျောင်း
ကျောင်းကြီးကျောင်း၊
တောရကျောင်းသစ်၊
တောရကျောင်းဟောင်း၊
မယ်တော်ကျောင်း
ထာ့အာကျောင်း


မြ၀တီမြို့သို့စက်လှေများဖြင့် စုပေါင်းပဒေသာပင် သွားရောက် လှူဒါန်းကြသည့် မြန်မာပြည်သား အလုပ်သမားများ





မဲဆောက်မြို့ စက်ရုံတရုံရှေ့တွင်ပြုလုပ်သည့် မြန်မာပြည်သား အလုပ်သမား၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ။






































































By Irrawaddy

No comments:

Post a Comment