Tuesday 30 October 2012

ဟုမ္မလင်းမြို့နယ် ဥရုချောင်းအတွင်း စက်လှေနစ်မြုတ်ရာ လူနှစ်ဦိး ပျောက်ဆုံး


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ဥရုချောင်းအတွင်း ငိုကျေးရွာဆိပ်ကမ်းအနီး ယခုလ ၁၈ ရက်နေ့မနက်၆နာရီအချိန်ခန့်က ကုန်စိမ်းများတင်ဆောင်လာသော စက်လှေတစ်စီးနစ်မြုတ်ခဲ့ရာ

အမျိုးသမီးနှစ်ဦးပျောက်ဆုံးနေကြောင်း မိုင်းကိုင်းကျေးရွာရှိ ဒေသခံတစ်ဦးကပြောကြားသည်။“နစ်မြုတ်သွားတဲ့စက်လှေက တရုတ်ဟွန်ဒါစက်လေးတပ်ဆင်ထားတဲ့လှေဖြစ်ပါတယ်။ လှေနဲ့ဝန်မျှတ အောင်တင်တယ်ဆိုရင်ပဲ
ရေရဲ့အခြေအနေကိုကြည့်ကြရပါတယ်ဟုပြောကြားသည်။အဆိုပါ စက်လှေတိမ်းမှောက်နစ်မြုတ်မှုနှင့်ပတ်သက်၍သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိ သူတစ်ဦးက“ပျောက်ဆုံးနေတဲ့သူက အမျိုးသမီးနှစ်ဦးဖြစ်ပါတယ်။ စက်လှေမောင်းသူကတော့မော်လိုက်မြို့နယ်၊ ကတွန်ကျေးရွာကဖြစ်ပြီး စက်လှေပေါ်မှာကကုန်စိမ်းတွေတင်ဆောင်ပြေးဆွဲတာဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်လို့ ကတော့မိုင်းကိုင်းရဲစခန်းက (ပ) ၈၆/၂၀၁၂ ပုဒ်မ ၂၈၀ အရ ဆောင်ရွက်ထားပါတယ်ဟုပြောကြားသည်။ငိုကျေးရွာရှိဒေသခံတစ်ဦး၏ပြောပြချက်များအရ အဆိုပါစက်လှေနစ်မြုတ်ရာတွင် ယခုထိပျောက်ဆုံးနေ ဆဲအမျိုးသမီးနှစ်ဦးမှစစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဒီပဲယင်းမြို့နယ်၊သရက်ကျွန်းကျေးရွာနေ (ဘ)ဦးမောင်ပု ၏သမီး မညိုညိုဆိုသူနှင့် ဒီပဲယင်းမြို့နယ်၊နတ်ကွင်းကျေးရွာနေ(ဘ)ဦးချစ်တီး၏ သမီးမနှင်းမိုးမြင့် ဆိုသူတို့နှစ်ဦး ဖြစ်ကြောင်းသိရှိရသည်။အဆိုပါ စက်လှေနစ်မြုတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ၏ခန့်မှန်သတ်မှတ်ချက်အရ ဆုံးရှုံးမှုတန်ဘိုးမှာ ၁၉၉၀၀၀ကျပ်ဖြစ်ကြောင်းသိရှိရသည်။

စိုးမိုးထွန်း(မုံရွာ)

By Hot News Weekly

No comments:

Post a Comment