Wednesday 17 October 2012

၂၀၁၂ ခုနှစ် နိုဘယ်ဆုကြီး ရရှိသူများ မှတ်သားစရာ


ကမ္ဘာ့ ကျော်ကြားလှသော နိုဘယ်ဆုကြီးကို နှစ်စဉ် ဆွီဒင်နိုင်ငံမှ ချီးမြှင့်လေ့ရှိသည်။ ယခု ၂ဝ၁၂ ၏ နိုဘယ်ဆုရရှိသူများ စာရင်း တင်သွင်းသူများထဲတွင် မြန်မာ သမ္မတ ကြီး ဦးသိန်းစိန်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုခန့်မှန်းသည့် အဖွဲ့က တစ်ကြိုပေးခဲ့ကြသည့် သတင်းမှာ
အောက်တိုဘာလ ပထမပတ်အတွင်း ထွက်ပေါ်လာခဲ့သည်။   မြန်မာ ပြည်သူပြည် သားများ ရွှင်လန်း ဝမ်းမြောက်စွာ စောင့်ကြည့် နားထောင်ခဲ့ကြသည်။ သို့သော် လွဲခဲ့ရသည်။ သို့ရာတွင် တစ်ကြို စာရင်းထဲတွင် ပါဝင်ခဲ့ရသည့် အဆင့်ထိ ရောက်ရှိ လာခဲ့သော   မြန်မာနိုင်ငံသားတစ်ဦးအပေါ်တွင်တော့ မှတ်ကျောက်တင်စရာဖြစ်ပါ သည်။ ဆွီဒင်ကာရိုလင်စကာ သိပ္ပံ ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သော ၂ဝ၁၂ ခုနှစ်   နိုဘယ်ဆုရှင်များစာရင်းကို အောက်ပါအတိုင်း ဖော်ပြအပ်သည်။

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု
၎င်းဆုကို အမေရိကန်နိုင်ငံသား (၂)ဦး ပူးတွဲရရှိခဲ့ကြသည်။ ပညာရှင်များမှာ ရောဘတ်ဂျေလက် ကိုဝစ် (Robert J Lefkowitz) နှင့် ဘရင်းကေကိုဘေးကာ (Brian K. Kobika) တို့ဖြစ်သည်။ ရော ဘတ်မှာ အမေရိကန်နိုင်ငံ ဂျုံးတက္ကသိုလ်နှင့် ဟိုဝက်ပုန်ဟူ ဆေးသိပ္ပံတို့တွင် တာဝန်ထမ်းဆောင် နေသော ဓာတုဗေဒပညာရှင် တစ် ဦးဖြစ်သည်။ ဘရင်းကေမှာ စတန်း ဖို့ဒ်တက္ကသိုလ်မှ ဓာတုဗေဒ ပညာ ရှင်ဖြစ်သည်။ ၄င်းတို့နှစ်ဦး၏ သု တေသနများမှ တွေ့ရှိဖော်ထုတ် ချက်အရ အလင်းရောင်၊ အနံ့အရ သာ စသည့်အာရုံများ၏ လှုံ့ဆော် ချက်များအား ပြန်လည်တုံ့ပြန် သိနိုင်စွမ်းရှိသော (အာရုံခွဲခြား သိနိုင်စက်) ပစ္စည်းတည်ဆောက် နိုင်မှုကြောင့် ၄င်းတို့နှစ်ဦးအား ဓာတု   ဗေဒဆိုင်ရာ ပူးတွဲနိုဘယ်ဆု ချီးမြှင့်ပေး ခဲ့ခြင်း ဖြစ်သည်။

ရူပဗေဒဆိုင်ရာ နိုဘယ်ဆု
ထိုဆုကိုလည်း ပြင်သစ်နိုင်ငံသားနှင့် အမေရိကန်နိုင်ငံသားနှစ် ဦးတို့ကို ပူးတွဲနိုဘယ်ဆုချီးမြှင့်ပေး ခဲ့သည်။ ပြင်သစ်နိုင်ငံသားမှာ အသက် (၆၈)နှစ်ရှိ ဆော့ဟာရောဂ်ျ (Serge Haroche) ဆိုသူဖြစ်ပြီး ပြင်သစ်နိုင်ငံ ပါရီအင်မရီကာရရီ တက္ကသိုလ်မှ ဘွဲ့ရရှိကာ ပြင်သစ် ကောလိပ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ အမေရိကန်   နိုင်ငံသား ဒေးဗစ် ဝိုင်လန်(David J Wineland) အသက် (၆၈) နှစ် သည် ဟားဘတ်တက္ကသိုလ်မှ ဘွဲ့ ရရှိခဲ့သည်။ ၄င်းတို့သည် နှစ်ပေါင်း ၅ဝ ကြာ သိပ္ပံ အယူအဆ တစ်ရပ်ဖြစ်   သော ဟစ်ဂ်ျ၏ ကွမ်တန်သီအိုရီ စူးစမ်းလေ့လာချက်ဖြစ်သော အ လင်းနှင့်မြူမှုန်တို့၏လျင်မြန်မှု နှိုင်း ယှဉ်ချက်အပေါ် လက်တွေ့စမ်းသပ်ဖော် ထုတ်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

ဇီဝကမ္မနှင့် ဆေးသိပ္ပံဆိုင်ရာ နိုဘယ်ဆု
ထိုဆုကြီးကိုလည်း သိပ္ပံပညာရှင် နှစ်ဦးတို့ ပူးတွဲရရှိခဲ့သည်။ ၄င်း တို့မှာဗြိတိန်နိုင်ငံသား ပါမောက္ခ ဂျွန်ဘီဂါဒန် (John B Gurdon) (၇၉)နှစ်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် နိုဘယ်ဆုရှင် များထဲတွင် အသက်အကြီး ဆုံးဖြစ်သည်။ အခြားတစ်ဦးမှာဂျပန် နိုင်ငံသားသိပ္ပံပညာရှင် ရှင်ရာယာ မာနာကာ (Shinya Yamanaka) (၅ဝ) နှစ်တို့က ပူးတွဲရရှိခဲ့ သည်။  ဂျွန်ဘီဂါဒန် မှာ အောက်စဖို့ဒ် တက္ကသိုလ်တွင် ဘွဲ့ရရှိခဲ့ပြီး ယခု အခါ ကင်းဘရစ်ခ်ျတက္ကသိုလ် ဆဲလ်ဇီဝဗေဒဆိုင်ရာ ပါမောက္ခ တစ်ဦးအဖြစ် တာဝန်လက်ရှိ ထမ်း ဆောင်နေသည်။ ရှင်ရာ ယာမာနာ ကာမှာ တိုကျိုတက္ကသိုလ်တွင် ပါမောက္ခတစ်ဦးအဖြစ် လက်ရှိ တာဝန်ထမ်း ဆောင်နေသူ ဖြစ်သည်။ ၄င်းတို့၏ တွေ့ရှိဖော်ထုတ် ချက်မှာဆဲလ်များ၏ ပင်ကိုသဘာဝ အရ စွမ်းရည်ပြည့်ဝသော ဆဲလ်များ လူတို့ ဖန်တီးပြုပြင်ရန်မလိုဘဲ ဇီဝ ကမ္မတို့၏ အလိုအလျောက် ပြုပြင် မှုတို့အရ ဇီဝရုပ်သစ်များကို တိုး တက်ဖြစ်ထွန်းစေနိုင်ကြောင်း ဖြစ် သည်ကို စမ်းသပ် တွေ့ရှိခဲ့ကြခြင်း ကြောင့် ဇီဝကမ္မဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲချီးမြှင့်ခဲ့သည်။

စာပေဆိုင်ရာ နိုဘယ်ဆု
၎င်းဆုကြီးကို တရုတ်စာရေး ဆရာကြီး မိုယန် (Mo Yan) (၅၇နှစ်) အား ချီးမြှင့်ခြင်းခံခဲ့ရသည်။ ¤င်းအား ၂ဝ၁၂ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုချီးမြှင့်ခဲ့ရာ နိုဘယ်ဆု ချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံ အသံလွှင့်ဌာနနှင့် သတင်း မီဒီယာ အုပ်စုအားလုံးက ချီးမွမ်း စကားပြောခဲ့ကြသည်။ ၄င်း၏ နိုဘယ်ဆု ရရှိခြင်းကို အစိုးရက ချီးကျူးပြောဆိုရာတွင် စာရေး ဆရာကြီး မိုယန် တစ်ဦး တည်း အတွက် အောင်မြင်ခြင်း မဟုတ်ဘဲ မိမိတို့ တရုတ်ပါတီကြီး အတွက် အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ မိုယန်၏ စာပေရေးသားဟန် မှာ တရုတ်နိုင်ငံ၏ ပကတိ လူနေမှုဘဝ သရုပ်မှန်ပေါ်လွင်စေရန် ပုံပြင်ဇာတ်လမ်းများဖြင့် တင်စားကာ ဟာသနှောလျက်   ကျေးလက် တောရွာများ သရုပ်ကိုပီပြင်စွာဖော် ထုတ်ခဲ့နိုင်သဖြင့် နိုဘယ်ဆုချီးမြှင့် ခံခဲ့ရခြင်း ဖြစ်သည်။ ၄င်းသည် လက်ရှိတွင် တရုတ်စာရေးဆရာ အသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသည်။  မိုယန်အား ယခုပေးအပ်မည့် ၂ဝ၁၂ စာပေနိုဘယ်ဆုကို အစိုးရ က တက်ရောက်ယူခွင့်ပြုပေးမည်ဟု သိရှိသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆု
ငြိမ်းချမ်းရေး နိုဘယ်ဆုကြီးကို ဥရောပ သမဂ္ဂအဖွဲ့ (EU) သို့ ပေးအပ်ခဲ့ကြသည်။ ယနေ့ မျက်မှောက်ကာလတွင် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံအတွင်း အပြင်းထန်ဆုံး သော စီးပွားရေး အကျပ်ရိုက်မှုများကို ကြုံတွေ့နေရသော အချိန်တွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို စွမ်းစွမ်းတမံ မြှင့်တင်ဆောင် ရွက်နိုင်စွမ်းရှိသည်ကို ဥရောပ သမဂ္ဂကြီး၏ ကြိုးပမ်း အားထုတ်မှုကို ဂုဏ်ပြုလျက် ကမ္ဘာ့ပြည်သူများအတွက် အတုယူစရာအဖြစ် ပေးအပ်ချီးမြှင့် ပေးခဲ့ခြင်းဖြစ်သည်။
ကိုလင်းမာန်အောင်

By Popular Myanmar News Journal

No comments:

Post a Comment