Wednesday 17 October 2012

‎"ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဖြစ်နေခြင်းကြောင့် အခြေခံ ဥပဒေ ပုဒ်မ ၆၄ လိုအပ်မည် မဟုတ်တော့"


ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရှိနေခြင်းကြောင့် အခြေခံဥဥပဒေပုဒ်မ ၆၄ သည်လည်း လိုအပ်မည် မ ဟုတ်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် အဖွဲ့ဝင်အချို့ က ပြော သည်။

”ဥက္ကဋ္ဌ ဆိုတဲ့ တာဝန်ကို Mention (ဖော်ပြ) လုပ်နေတယ် ဆိုကတည်းက ဥက္ကဋ္ဌတာဝန်ကို သူယူ ထားတာပဲလေ။ ဘာအလုပ်မှ မလုပ် ရဘူးဆိုရင် ဒီတာဝန်ကို ယူထားဖို့ လိုအပ်သလား။ မေးစရာ မေးခွန်း တွေရှိတာပေါ့” ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးကိုနီ ကပြောသည်။
၂ဝဝ၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းထားသည့် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံ ဥပဒေ အခန်း (၃) ပုဒ်မ (၆၄)တွင်နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတသို့မဟုတ် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံ ရသည့်နေ့မှစ၍ မိမိ ရာထူးသက်တမ်း အတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ ဟု ဖော်ပြ ထားခြင်းေ ကြာင့် ယခု ကဲ့သို့ နိုင်ငံတော်ပိုင် သတင်းစာများ၊ ရုပ်သံ များတွင် နိုင် ငံေ တာ် သမ္မတအား ပါတီ၏ ဥက္ကဋ္ဌ အဖြစ် သုံးနှုန်းထားခြင်း နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက် ရမည် ဟု ဖော်ပြ ထားခြင်း မရှိသောကြောင့် ပါတီဥက္ကဋ္ဌ အဖြစ် ဆက်လက် တည် ရှိေ နခြင်းဖြစ် သည် ဟုဆိုခြင်းမှာ နဂို နားလည်ပြီးဖြစ်သော ဥပဒေ တစ် ရပ် အပေါ် နားလည်မှု ရှုပ်ထွေးခဲ့ ကြောင်း အထက် တန်းရှေ့နေ တစ် ဦး က ပြောသည်။
ပြည်ခိုင်ဖြိုး ပါတီ၏ အထွေ အထွေအတွင်းရေးမှူး ဦးဌေးဦးက ပါတီ၏ ဥက္ကဋ္ဌ အသစ် ပြန်လည်ရွေး ချယ်မည်ဟု သတင်းများထွက်ပေါ် လာစဉ် ကတည်းကပင် ပါတီ၏ ဥက္ကဋ္ဌသစ်အား ပြန်လည်ရွေးချယ် မည် မဟုတ်ေ ကြာင်း ပေါ်ပြူလာ နယူးစ်သို့ ဖြေကြား ခဲ့သော် လည်း အောက်တိုဘာ ၁၆ ရက်က ပါတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် ရာထူးနေရာ အချို့ အား ပြန် လည် ရွေးချယ် ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပင် ပါတီ ဥက္ကဋ္ဌရာထူးကို ပြန်လည် ရရှိခဲ့သည်။ သို့ရာတွင် ပါတီဥက္ကဋ္ဌတာဝန်များကို ဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပူးတွဲထမ်း ဆောင်မည် ဟု ထုတ်ပြန်ခဲ့ သည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၁၆ ရက် က နေပြည်တော်ရှိ ပါတီရုံးချုပ် တွင် ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေညီလာခံသို့ တက်ရောက် ရာတွင် ပါတီအလံနှင့် ရင်ထိုး တပ် ဆင်ထားကြောင်း ဓာတ်ပုံမှတ် တမ်းများအရ သိရသည်။

ဥာဏ်လင်းအောင်

By Popular Myanmar News Journal

No comments:

Post a Comment