Wednesday 17 October 2012

‎"OIC ရုံးခွဲဖွင့်ခွင့်မပြုဟုမြန်မာအစိုးရတရားဝင်အကြောင်းကြားခြင်း မ ရှိသေး"


မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်မပြုကြောင်း ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ တရားဝင်အကြောင်းကြားစာအနေဖြင့် မရရှိသေးကြောင်း OIC
ပြန်ကြားရေးဌာနအရာရှိ Ms. Mahar က အောက်တိုဘာလ ၁၆ ရက်က ဗွီ အိုအေသို့ပြောကြားခဲ့ကြောင်း သတင်းဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့်ရခိုင်ပြည် နယ်စစ်တွေတို့တွင် OIC ရုံးခွဲလာ ရောက် ဖွင့် လှစ်မည့်ကိစ္စအပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း နိုင် ငံတော် သမ္မတရုံးမှ OIC ဆက်ဆံရေး ရုံးများ ဖွင့်လှစ် ရန်မှာ ပြည်သူ့ ဆန္ဒနှင့် ကိုက် ညီခြင်း မရှိသဖြင့် ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန် ခဲ့သည်။
OIC ရုံးခွဲ အား မြန်မာနိုင်ငံ၌ ဖွင့်လှစ်ရန် စက်တင်ဘာလ အတွင်းက နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် OIC အဖွဲ့ကိုယ်စားလှယ်တို့ကြား နား လည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကာလကပင် မြန်မာနိုင်ငံ၌ OIC ရုံးခွဲဖွင့်လှစ်မှုကို ကန့်ကွက် သည့် ဆန္ဒဖော်ထုတ်မှုများ ကြိုကြားဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၅ရက်က ရန်ကုန်၊ မန္တလေး၊ စစ်တွေ နှင့် ပခုက္ကူ အစရှိသဖြင့် မြန်မာနိုင်ငံ အထင်ကရမြို့ကြီးများ အားလုံးတွင် ရဟန်းရှင်လူ ပြည်သူများပါဝင်သည့်ဆန္ဒ ဖော်ထုတ်ကန့်ကွက်မှုများ ပေါ်ပေါက် လာခဲ့သည်။
''OIC ဖြစ်စေ၊ထိုကဲ့သို့ အဖွဲ့အစည်း မျိုးဖြစ်စေ၊ မြန်မာ့မြေပေါ်မှာ ယာ ယီ ဖြစ်စေ၊ ထာဝရဖြစ်စေ လုံးဝ ရုံးစိုက်ခွင့် မပြုပါဘူး။ ပြည်သူ များရဲ့ သဘော တူညီချက် မပါဘဲ OIC နဲ့ အစိုးရ လက်မှတ် ထိုးထားမှုကို လုံးဝ ကန့်ကွက် တယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီ (ရန်ကုန်)က ၄င်း အဖွဲ့သဘောထားကို ထုတ်ပြန်ကြေညာ ခဲ့သည်။
မြန်မာ အစိုးရနှင့် OIC အဖွဲ့ ကြား ရေးထိုးထားခဲ့သည့် နားလည်မှု စာချွန် လွှာနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက်စေရန်၊အမျိုးသားအကျိုးစီးပွား ကိုမထိခိုက်စေရန်၊ နိုင်ငံတော်၏အချုပ် အခြာအာဏာကို မထိခိုက်စေရန်၊ နိုင်ငံ တော်၏ သဘာဝပတ်ဝန်းကျင် မထိ ခိုက် စေရန် စသည့် လမ်းညွှန်ချက် ၄ ချက် ချမှတ်ပေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။
နိုင်ငံတော်သမ္မတ ရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးကလည်း မြန်မာနိုင်ငံ၌ OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြုဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာလူသားချင်း စာ နာထောက်ထားမှု အကူအညီများ လက်မခံဟူသော သဘောမဟုတ် ကြောင်း၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုအားဖြင့် ပေးအပ် သော ထော က်ပံ့ ကူညီ မှုများကို ထိထိ ရောက်ရောက်ပေးအပ်နိုင်စေရန် ညှိနှိုင်း ပူးပေါင်းေ ဆာင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ကျွန်တော်တို့ ဖြစ်စေချင်တာက OIC ရုံးလာဖွင့်တာနဲ့ ပတ်သက်လို့ OIC မှ မဟုတ်ဘူး။ နိုင်ငံတကာ အဖွဲ့ အစည်းတွေက ကျွန်တော်တို့ နိုင်ငံထဲမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူမျိုးမရွေး၊ ပြည်သူမရွေး၊ အကူအညီ ပေး မယ် ဆိုရင် ကျွန်တော်တို့က ကြိုဆို ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာပေါ့နော်၊ ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ ရှိနေကြတဲ့ ဘာသာတစ်ခုနဲ့ တစ်ခု၊ လူမျိုးတစ်ခုနဲ့တစ်ခု အေးချမ်းစွာ နေနေတဲ့ အခြေအနေ ပျက်ယွင်းမယ် ဆိုရင်တော့ ကျွန်တော်တို့က ဒါမျိုးတော့ မလိုလားဘူး'' ဟု အစ္စလာမ်သာသနာ ရေးကောင်စီဌာနချုပ်မှ ဦးဝဏ္ဏရွှေက မြန်မာနိုင်ငံ၌ OIC ရုံးခန်းဖွင့်ရန်၊ မဖွင့် ရန်အပေါ် ၄င်း၏ သဘောထားကို ဗွီအိုအေ မြန်မာပိုင်းအသံ အစီ အစဉ် အင် တာဗျူးတွင် ဖြေကြားခဲ့သည်။

ဥာဏ်လင်းအောင်၊ ရန်နိုင်OIC

By Popular Myanmar News Journal

No comments:

Post a Comment