Wednesday 17 October 2012

မြန်မာအစိုးရကို OIC ပြစ်တင်ဝေဖန်

မြန်မာပြည်မှာ  OIC  ရုံးဖွင့်ခွင့် မပြုတော့ဘူးဆိုတဲ့ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို  OIC က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဖွင့်ဖို့ပြင်ထားတဲ့ရုံးက လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို
စီမံခန့်ခွဲဖို့သက်သက်ဖြစ်တယ် ဆိုပြီး OIC လို့ ခေါ်တဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့  (The Organization of Islamic Cooperation) က  ဧရာဝတီကို မနေ့က ပြောပါတယ်။

"သဘောတူညီချက်ကိုတောင် ကျနော်တို့ လက်မှတ်ထိုးထားပြီးပြီ၊ မြန်မာအစိုးရက လူသားခြင်းစာနာမှုကို အလေးအနက်ထားပုံမရဘူး" လို့ မူဆလင် လူနည်းစုနှင့်အစုအဖွဲ့များဆိုင်ရာဌာန ညွှန်မှူး Talal Daous က ပြောပါတယ်။

ရန်ကုန်နဲ့ နယ်မြို့တွေမှာ OIC  ရုံးဖွင့်ရေး အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ရုံးဖွင့်ခွင့်မပြုတော့ဘူး ဆိုပြီး  မြန်မာအစိုးရက ကြေညာလိုက်တာပါ။

မြန်မာအစိုးရရဲ့ တရားဝင်အကြောင်းကြားချက် မရရှိသေးဘူး လို့ ဆော်ဒီအခြေစိုက် OIC က ဆိုပါတယ်။

သတင်းအပြည့်အစုံကို http://www.irrawaddy.org/archives/16610 မှာ ဖတ်နိုင်ပါတယ်။

By Irrawaddy

No comments:

Post a Comment