Tuesday 11 September 2012

အစ္စလာမ် အထိမ်းအမှတ် အီးဒ် မိတ်ဆုံပွဲသို့ ဘာသာကြီး လေးခုမှ ပုဂ္ဂိုလ်များ တက်ရောက်

ရန်ကုန် စက်တင်ဘာ ၉

ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ၊ သီရိခန်းမ၌ မြန်မာ မွတ်စလင် ကွန်ယက်က စက်တင်ဘာ ၉ တွင် ကျင်းပသော အစ္စလာမ်ဘာ သာဝင် များ၏ အီးဒ် မိတ်ဆုံပွဲကို ဘာသာကြီးလေးခုမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဗုဒ္ဓဘာသာမှ ၂၀၀၇ ခုနှစ် ရွေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် အရှင် အန္ဒာဝံသ အပါအဝင် သံဃာ တော်များ ၊ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် ဟိန္ဒူ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ သည်။

ကမ္ဘာအနှံ့ သန်းပေါင်း ၁၅၀၀ ကျော်ရှိသည့် အစ္စလာမ် ဘာသာဝင် များသည် အစ္စလာမ် ပြက္ခဒိန် အရ နဝမမြောက်လ (ရမဒွန်လ)တွင် အစ္စလာမ် ဘာသာဝင် ကျားမ မရွေး တစ်လတာ ဥ ပုသ်တည်ဆောက်ရပြီး၊ ဥပုသ်လ ကုန်ဆုံးသည့် ရက်တွင် ဝါကျွတ် အီးဒ် ပွဲတော်ကို ကျင်းပကြောင်း မြန်မာနိုင်ငံတွင် သြဂုတ်လ ၂၀ ရက်နေ့မှာ အီးဒ်ပွဲရက်ဖြစ်ကြောင်း ၊ ယခုကျင်းပသည့် ပွဲမှာ ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ဒေါက်တာမြင့်သိန်း ( ငြိမ်းချမ်းလုလင် ) က ရှင်းလင်း ပြောကြားသည်။

ယခုကဲ့သို့ အထိမ်းအမှတ်ပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံ မွတ်စလင် အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေး အတွက် အသင့် ရှိနေသည် ဆိုခြင်းကို တစ်မြေတည်းနေ တစ်ရေတည်းသောက် ညီနောင်များ ကို ရိုးသားစွာ ပြသခြင်းဖြစ်ကြောင်း ဘာသာကြီးများအား ကိုယ်စားပြု တက်ရောက် လာကြသည့် ပုဂ္ဂိုလ်များကို ၄င်းက ထုတ်ဖော်ပြောကြား သည်။

By The Voice Weekly

No comments:

Post a Comment