Tuesday 11 September 2012

Omyanmar အွန်လိုင်း ဈေးဝယ်စင်တာနှင့် Myan Pay အွန်လိုင်း ငွေပေးချေမှုစနစ်တို့ ချိတ်ဆက် ဆောင်ရွက်

ပြည်တွင်း အွန်လိုင်းဈေးဝယ်စင်တာ တစ်ခုဖြစ်သည့် Omyanmar အွန်လိုင်းဈေးဝယ်စင်တာနှင့် Myan Pay အွန်လိုင်း ငွေပေးချေမှုစနစ်တို့ စတင်ချိတ်ဆက်လိုက်ကြောင်း သိရသည်။ ထိုကဲ့သို့
ချိတ်ဆက်လိုက်ခြင်းအားဖြင့် ယခင်က ပစ္စည်းလယ်ဝယ် ရောက်ရှိမှ ငွေသားပေးချေရမှုအစား အွန်လိုင်းငွေပေးချေမှု အကောင့်သို့ ငွေပေးချေရတော့မည်ဖြစ် သည်။ “Omyanmar မှာရှိတဲ့ အွန်လိုင်း ဆိုင်ခန်းတွေမှာ ဝယ်ယူတဲ့ပစ္စည်းတွေကို Myan Pay အကောင့်ကနေ ပေးချေနိုင် မှာ ဖြစ်ပါတယ်။ အရင်တုန်းက Omyanmar က ဝယ်ရင် ပစ္စည်းကို အိမ်တိုင်ရာရောက်ပို့၊ ဝယ်ယူသူလက်ထဲ ရောက်တော့ မှ ငွေပေးချေတာ ဖြစ်ပါတယ်။

အခုငွေပေးချေမှု စနစ်ကိုလည်း Online Payment အနေနဲ့ သွားမှာ ဖြစ်ပါတယ်” ဟု Myan Pay Online Payment မှ တာဝန်ရှိသူက ပြောသည်။ လက်ရှိ Omyanmar အွန်လိုင်းဈေးဝယ်စင်တာတွင် ဆိုင်ခန်းပေါင်း (၄၀) နီးပါးရှိပြီး လိပ်စာမှာ www.omyanmar.com ဖြစ်သည်။ ယခုကဲ့သို့ ချိတ်ဆက် ဆောင်ရွက်လိုက်ခြင်းအားဖြင့် အဆိုပါ ဝက်ဘ်ဆိုက်တွင် ရောင်းချလျက်ရှိသော အိုင်တီနှင့် နည်းပညာပစ္စည်းများ လျှပ်စစ်ပစ္စည်းများ၊ လက်ဝတ်ရတနာ၊ ရိုးရာအမှတ်တရပစ္စည်းများ အစရှိသည်တို့ကို Online Payment ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အရင်က Online Payment မရှိသေးတဲ့အတွက် အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိပါတယ်။ လက်ရှိ Myan Pay Online Payment ရှိလာပြီ ဖြစ်တဲ့အတွက် အဲဒါကို ကျွန်တော်တို့ Shopping Mall မှာ သုံးစွဲလိုက်တဲ့ သဘောပါပဲ” ဟု Omyanmar ဈေးဝယ်စင်တာကို အကောင်အထည်ဖော်သည့် iBiz Service Provider ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ Online Payment စနစ်ကို Omyanmar ဈေးဝယ်စင်တာ၌ ယခုလကုန်မှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

By International Social Network Myanmar

No comments:

Post a Comment