Tuesday 11 September 2012

DVB သတင်းထောက်နှင့် ကျောင်းသားမိဘအမှု စတင်ကြားနာ


မကွေး၊စက်တင်ဘာ(၁၁)ရက်

တိုင်းဒေသကြီးပညာရေးရုံးဝန်းအတွင်း သတင်းဝင်ရောက်ရယူခြင်းအတွက် တရားစွဲဆိုခံထားရသော

DVBသတင်းထောက်ကိုဇော်ဖေ(ခ) သူရသက်တင်နှင့် ကျောင်းသားမိဘ ကိုလှိုင်လှိုင် တို့အားမကွေးမြို့နယ်
တရားသူကြိး ဥိးတင်အောင်မှ ကြိုတင်ချိန်းဆိုထားသည့်အတိုင်း တရားလိုနှင့်လိုပြသက်သေများကိုစတင်စစ်
ဆေးကြားနာခဲ့သည်။
ယနေ့ နံနက်ပိုင်း(၁၀း၃၀)နာရီတွင် တရားလိုဖြစ်သူ လ/ထတိုင်းပညာရေးမှူးဦးမောင်ငွေအား
စတင်စစ်ဆေးရာတွင် တရားလိုမှ အမူအရာသရုပ်ပြများဖြင့်အစစ်ဆေးခံသွားခဲ့သလို
တရားစွဲဆိုရခြင်းမှာ
လည်းအထက်မှညွှန်ကြားချက်ကြောင့်ဟု အစစ်ခံသည်။
နံနက်ပိုင်းကြားနာစစ်ဆေးခြင်းကို(၁၂း၁၅)တွင်
ထမင်းစားရပ်နားခဲ့ပြီးနောက်
နေ့လည်(၁း၃၀)နာရီတွင်ပြန်လည်စတင်စစ်ဆေးမှုကိုပြုလုပ်ရာတွင် လိုပြသက်သေ(၁) ဒေါ်မြင့်
မြင့်ဌေး (စာရေး(၂) မကွေးတိုင်းဒေသကြိးပညာရေး)အားစစ်ဆေးကြားနာခဲ့သည်။
(၃း၀၀)နာရီတွင် လိုပြသက်
သေ(၂)ဒေါ်ဝင်းဝင်းသန်း(စာရေး(၁) မကွေးတိုင်းဒေသကြီးပညာရေး)ကိုဆက်လက်စစ်ဆေးခဲ့ပြီး(၃း၄၅)နာရီ
တွင်ကျန်သက်သေများကိုစစ်ဆေးရန်(၁၈-၉-၂၀၁၂)အင်္ဂါနေ့သို့ပြန်လည်ချိန်းဆိုကြောင်းသိရှိရပါသည်။
DVB
သတင်းထောက်နှင့်ကျောင်းသားမိဘအတွက် ရှေ့နေအဖြစ် မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ကိုယ်စား
ဦးဇော်မင်းလွင်နှင့်ဒေါ်ထက်ထက်လှိုင်တို့မှ လိုက်ပါဆောင်ရွက်ေ၇ှ့နေပြုလုပ်ခဲ့ခြင်းဖြစ်သည်၊
ဦးမင်း

By Popular Myanmar

No comments:

Post a Comment