Tuesday 11 September 2012

ကမ္ဘာ့ပထမဆုံး စက်ရုပ်လက်ဖြင့်လူသား


ကမ္ဘာ့ပထမဆုံး စက်ရုပ်လက်ဖြင့် လူသားကတော့ အမေရိကန် နိုင်ငံမှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး Claudia Mitchell ဖြစ်ပါတယ်။

သူစက်ရုပ်လက် တပ်ဆင်တုန်းကတော့ အသက် ၂၆ နှစ်အရွယ်သာ ရှိသေးပြီး ၂၀၀၆ခုနှစ် စက်တင်ဘာလက ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ဆိုရင် ၆ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ပြတ်ရတဲ့အကြောင်း အရင်းကတော့ မော်တော်ဆိုင်ကယ် တိမ်းမှောက်တဲ့ အက်ဆီးဒန့်ကြောင့် ဖြစ်ပါတယ်။ ယခုတော့ လက်တုနဲ့ အဆင်ပြေနေပါပြီ။

အာရုံကြောနဲ့ထိန်းချုပ်ပြီး တကယ်ပဲ လက်အစစ်နဲ့မကွာ ထိန်းချုပ်နိုင် ခဲ့ပါတယ်။ သို့ပေမယ့် သာမန် လက်အစစ်လောက်တော့ လုပ်ဆောင်ချက် ကတော့ အမြန်ဆန်နိုင်ပါဘူး။ သို့ပေမယ့် ၂၀၀၈ နောက်ပိုင်း လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။

အဲ့ဒီအချိန် တပ်ဆင်တုန်းက အမေရိကန်ဒေါ်လာ ၃ သန်းဝန်းကျင်ကုန်ကျပြီး ၂ သန်းကို အမေရိကန် အမျိုးသား ကျန်းမာရေးဌာနမှ ပထမဆုံး Researchဖြစ်တဲ့အတွက် ဆိုက်ထုတ်ပေး ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Claudia Mitchell အမည်ရ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး အာရုံကြောထိန်းချုပ် လက်တပ်ဆင်သူ ဖြစ်ခဲ့ပါတယ်။
----
Ref:DM
Aung Kham (TSJ team)

By TechSpace Journal

No comments:

Post a Comment