
အရှိန်ပြင်းစွာကပ်မောင်းရာ ငြိမ်းချမ်းစွာဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
"အဲဒီကားက အစကတည်းက ဘုန်းကြီးကျောင်းထဲမှာ ရပ်ထားတာ၊ ဆန္ဒပြနေတဲ့သူတွေက ဘုန်းကြီးကျောင်းအပေါက်ဝမှာ ပြနေကြတာ၊ အဲဒါကို အဲဒီကားက အတင်းမောင်းထွက်တယ်၊ လူတွေက ၀ိုင်းဆွဲပေမယ့်မရဘူး. ကားလီဗာကို အတင်းနင်းပြီး ဆန္ဒပြနေတဲ့သူတွေရဲ့ ကျောဘက်ကနေ ကပ်မောင်းသွားတယ်၊ ဆန္ဒပြနေသူတဲ့သူနှစ်ယောက် ကားဘီးနဲ့နင်းမိပြီး ဒဏ်ရာရသွားပါတယ်" ဟု မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်ရပ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား ထိခိုက်ဒဏ်ရာ ရရှိအောင် တမင်ကြံရွယ်လုပ်ဆောင်ခြင်ဖြစ်ကြောင်း၊ ထိုကား မောင်းထွက်လိုပါက လူထုကိုခွင့်တောင်းပြီး မောင်းထွက်နိုင်သော်လည်း ထိုကဲ့သို့မပြုလုပ်ပဲ မထီမဲ့မြင်ပုံစံဖြင့် ကြမ်းတမ်းစွာပြုမူခြင်းဖြစ်ကြောင်း စသည်ဖြင့် မျက်မြင် ကိုယ်တွေ့များက ဝေဖန်ကြသည်။
ယခုအခါတွင် မုံရွာတရားရုံးသို့ အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဦးတိုက်လျှောက်ထားနေပြီ ဖြစ်ကြောင်း သိရပါသည်။
By ThanLarWaddy Times
No comments:
Post a Comment