Thursday 27 September 2012

လက်ပံတောင်းတောင် စီမံကိန်းကို လုံးဝရပ်နား စေလိုကြောင်း ဒေသခံများပြောကြား


ဆည်တည်ကျေးရွာဘက်ခြမ်းရှိ လက်ပံတောင်းတောင်ခြေအနီးရှိ နှမ်းခင်းအား ကြေးနီစီမံကိန်းမှ လူများ လာရောက်ကျူးကျော်ခြံခတ် နေခြင်းကို ၀ိုင်းဝန်းကန့်ကွက် တားဆီးနေကြစဉ်။

မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းလိုခြင်း မရှိကြောင်းနှင့် စီမံကိန်းကိုသာ လုံးဝရပ်နားစေရန် ဆန္ဒရှိကြောင်း ၀က်မှေးကျေးရွာသူ မသွဲသွဲ့ဝင်းနှင့် ဒေသခံများက စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ယမန့်နေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့်စီ မံကိန်းတစ်ခုဖြစ်သောကြောင့် ရပ်နားမည်မဟုတ်ကြောင်း၊ ဒေသခံများနှင့် အတက်နိုင်ဆုံး အဆင်ပြေစေရန် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ ပြောဆိုခဲ့ပြီးနောက် ဒေသခံများက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ တာဝန်ရှိသူများက ရန်ကုန်မှ ပြည်တွင်းပြည်ပ မီဒီယာသမားများကို မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ စီးပွားရေးဦးပိုင် လီမီတက်ရုံးခန်းသို့ ခေါ်ယူ၍ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံရှင်းလင်းပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၀က်မှေးကျေးရွာသို့ သတင်းထောက်များ သွားရောက်ခဲ့သည်။

By Eleven Media Group

ဓာတ်ပုံ- အောင်နေမျိုး(မုံရွာ)

No comments:

Post a Comment