Thursday 27 September 2012

လှည်းတန်းတွင် ဆွဲကြိုးလုယက်သူ ဖမ်းမိ


လှည်းတန်းတွင် ဆွဲကြိုးလုယက်သူ ဖမ်းမိကမာရွတ် မြို့နယ်၊ လှည်းတန်း အင်းစိန် လမ်းမတွင် အမျိုးသမီး တစ်ဦး၏ စိန်လော့ကတ်သီးနှင့် ရွှေဆွဲကြိုး လုယက်မှုနှင့် ပတ်သက်၍ အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးကို ဖမ်းဆီး ရမိထားကြောင်း ကမာရွတ်ရဲစခန်းမှ သိရသည်။

ခင်ပွန်းနှင့်အတူ လိုင်းကားစီးရန် စောင့်ဆိုင်းနေသော အမျိုးသမီး၏ လည်ပင်းတွင် ဆွဲထားသော တစ်ကျပ်သား ရွှေဆွဲကြိုးနှင့် ကျပ်သိန်းနှစ်ဆယ်ကျော်တန် စိန် လော့ကတ်သီးအား ဖြတ်ယူထွက်ပြေးသော အမျိုးသားနှင့်အဖော် တစ်ဦးကို လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

လုယက်မှုကျူးလွန်သူသည် အ သက်(၁၉)နှစ်အရွယ်ကျပန်း လုပ်ကိုင်သူ လူငယ်တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဝါး ခယ်မမြို့နယ်၊ ကမ်းပြိုထိပ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရ သည်။

နေလင်းထွန်း

By 7Day News Journal

No comments:

Post a Comment