Thursday 27 September 2012

ဗန်းမော်၊ စင်းခန်းရဲကင်း တပ်ဖွဲ့ ဝင်များက လူငယ်၂ ဦးကို ဝိုင်းရိုက်


ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်း
ရဲကင်းက ရဲတပ်ဖွဲ့ ဝင် ၆ ဦးဟာ
စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ လူငယ်
၂ ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ 
အရိုက်ခံရတဲ့ လူငယ် တဦးက ပြောပါတယ်။

မောင်ထက်နိုင်စိုးနဲ့ သူငယ်ချင်း ၁ ဦးတို့ ဟာ
အဲ့ဒီနေ့ညက ဗန်းမော်ကေန ရွှေကူကို သုံးဘီးယာဉ်နဲ့ အသွား စင်းခန်း ရဲကင်း
အရောက်မှာ သူတို့ ဆီက ပိုက်ဆံတောင်းရာမှာ မရလို့  ဝိုင်းရိုက်ကြတာလို့ အရိုက်ခံရတဲ့ မောင်ထက်နိုင်စိုးက ပြောပြပါတယ်။

“အဲဒီဂိတ်ရောက်ပြီး ပိုက်ဆံ ၂ သောင်းတောင်းတော့ ကျနော်က မပေးနိုင်
ဘူးလို့ ပြောတယ်။ ဝစ်သောက်ဆိုင်ကယ်တွေတိုင်း အဲလိုမျိုးပဲ သူတို့ 
တောင်းစားနေတယ်။

အဲလောက်ဆိုတော့ များတယ် မပေးဘူး၊ နည်းနည်းလျှော့ပေးပါဦးဆိုတော့
မရဘူး။

သူတို့ ကလည်း အရက်မူးထားတဲ့အချိန်နဲ့ အချင်းများပြီး သူတို့ က
ထိုးကကြိတ်ကြတယ်။

ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက်၊ သူတို့ ဘက်က ၆ ယောက်။ လက်ထိတ်ခတ်ပြီးမှ
ကျန်ာတို့ ကို ရိုက်တာ။ တယောက်က လက်ထိတ်ခတ်တယ်၊ တယောက်က
နံပါတ်တုတ်နဲ့ ရိုက်တယ်၊ တယာက်ကချုပ်တယ်၊ တေယောက်က
လက်ထိတ်နဲ့ ရိုက်တယ်။”

အရိုက်ခံရတဲ့ မောင်ထက်နိုင်စိုးဟာ ခေါင်းပေါက်သွားတဲ့အတွက် ရွှေကူဆေး
ရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။

စင်းခန်းရဲကင်းက ဝိုင်းရိုက်ခဲ့ကြတဲ့ ရဲ ၆ ယောက်ထဲမှာ ဒု-ရဲအုပ်နိုင်စိုးပါဝင်ပြီး
ကျန်တဲ့သူတွေကေတာ့ ရဲတပ်သားတွေလို့  ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေကူရဲစခန်းကိုတိုင်ကြားခဲ့ပေမယ့် စင်းခန်းဟာ သူတို့ အပိုင်
မဟုတ်တဲ့အတွက် ဗန်းမော်ရဲစခန်းကို သွားရောက်တိုင်ကြားဖို့ ပြော
တယ်လို့ လည်း ဆိုပါတယ်။

ဗန်းမော်မြို့ နယ် ရဲတပ်ဖွဲ့က ရဲမှူးဇော်သန်းမောင်ကို ဒီဗွီဘီက ဆက်
သွယ်မေးမြန်းရာမှာ စစ်ဆေးနေတုန်းပဲလို့  ပြောပါတယ်။

“အခု ကျေန်ာတို့ တာဝန်ရှိတဲ့ စင်းခန်း စခန်းမှူး ဒု-ရဲအုပ်ကို ခေါ်ပြီးမေးမြန်း
နေပါတယ်။

မေးမြန်းလို့ ဒါဟာ မှန်ကန်တယ်ဆိုရင် အထက်ကိုတင်ပြပြီး ဒါစည်းကမ်းထိန်း
သိမ်းရေးအရ ဥပေဒအရ အေရးယူမှာပါ။ ကျနော်တို့လည်း အခုမှသိလို့ 
ခေါ်ပြီးမေးနေပါတယ်။”

ဗန်းမော်မြို့ ခံတဦးက ရဲကင်းတွေ အခုလိုမျိုး ငွေတာင်းနေတာတွေ မမြင်ချင်
ဘူးလို့  ပြောပါတယ်။

“ဆိုင်ကယ်ကယ်ရီသမားမှန်ရင် မပေးရတဲ့လူ ဘယ်သူမှမရှိပါဘူး။ အခုလို
ဂိတ်ဖွင့်ပြီး ကောက်စားတာတွေ မလိုချင်ပါဘူး။ ဒုစရိုက်တွေနဲ့ မကောင်းမှုတွေနဲ့
လက်ဝါးချင်းရိုက်ပြီး လုပ်စားနေတာတွေ မမြင်ချင်ပါဘူး။”

By DVB (မြန်မာပိုင်း)


No comments:

Post a Comment