Thursday 27 September 2012

Nexus 7 တက်ဘလက် ကွန်ပျူတာကို Google တို့ စတင် ရောင်းချ


Google ကုမ္ပဏီဟာ ၎င်းရဲ့ Nexus 7 တက်ဘလက် ကွန်ပျူတာကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန်နိုင်ငံမှာ စတင် ရောင်းချခဲ့တယ်လို့
သိရပါတယ်။ အဆိုပါ အန်းဒရွိုက် ဆော့ဖ်ဝဲ အခြေပြု Nexus 7
တက်ဘလက် ကွန်ပျူတာတွေရဲ့ ၁၆ 16 Gigabyte အမျိုးအစားကို အင်္ဂါနေ့က စတင်က Google ကုမ္ပဏီကနေမှာယူ နိုင်ပြီဖြစ်ပြီး ဆိုင်တွေမှာတော့ အောက်တိုဘာ ၂ရက်နေ့မှာမှ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့်တော့ အဆိုပါ တက်ဘလက် ကွန်ပျူတာကို ယန်းငွေ ၁၉၈၀၀၊ အမေရိကန် ဒေါ်လာအားဖြင့် ၂၅၅ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အခုစတင် ရောင်းချနေပြီဖြစ်တဲ့ Nexus 7  တက်ဘလက် ကွန်ပျူတာဟာ မျက်နှာပြင် အကျယ် ၇လက်မ ရှိပြီး Nvidia ကုမ္ပဏီထုတ် Tegra 3 quad-core  ပရော်ဆက်ဆာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အဆိုပါ Nexus 7 တက်ဘလက် ကွန်ပျူတာမှာ အသုံးပြုထားတဲ့ Android ဆော့ဖ်ဝဲကြောင့် ဂျပန်နိုင်ငံမှာ လူကြိုက်များလာနိုင်ကြောင်း Google မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါတယ်။  Google ကုမ္ပဏီက အခုလို တက်ဘလက် ကွန်ပျူတာ ပွဲထုတ် ရောင်းချတာဟာ Apple ကုမ္ပဏီထုတ် iPad က ကြီးစိုးထားတဲ့ တက်ဘလက် ကွန်ပျူတာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

By MRTV-4

No comments:

Post a Comment