Thursday 27 September 2012

" ပိုလန်နိုင်ငံရဲ့ ပါလီမန်ထဲ ဝင်ရောက်လေ့လာခွင့် ရခဲ့တဲ့ သံသာဝင်း"


သြဂုတ် ၃၁ရက်နေ့က ပိုလန်နိုင်ငံကို သင်တန်း တက်ရောက်ဖို့ စတင် ထွက် ခွာသွား ခဲ့တဲ့ အနဂ္ဂနဲ့ သံသာဝင်းက စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ ပြန် လည်ရောက်ရှိ ခဲ့ ပါတယ်။ စက်တင်ဘာ
၁ရက်နေ့မှာ ပိုလန်နိုင်ငံ ကို ရောက် ရှိခဲ့ပြီး ၂ရက်နေ့ မှာတော့ တာဝန်ရှိ သူတွေက ပိုလန်မြို့တစ်မြို့လုံး ကို လိုက်ပြပြီး ပိုလန်နိုင်ငံ ရဲ့ ရာဇဝင်တွေ၊ အဆောက် အအုံတွေ အကြောင်း ကို ရှင်းပြကြောင်း၊ ၃ရက်နေ့ က နေ ၈ရက်နေ့ အထိ သင်တန်း တက် ရကြောင်း၊ သင်တန်း က မနက် ၈နာရီ ကနေ ညနေ ၅နာရီ လောက် အထိ တက် ရကြောင်း သံသာဝင်း က ပြောပါတယ်။ ၆ရက်တာ တက်ရောက် ခဲ့တဲ့ သင်တန်း နဲ့ပတ်သက်ပြီး သံသာဝင်းက..
" ကျွန်မတို့ သွားတက်တာက Sense ပရိုဂရမ် ကို ၃ရက်လောက် သင် တယ်။ ပထမဆုံး ၁ရက်၊၂ရက် မှာတော့ လူတွေနဲ့ နဂိုရှီယေ့ ဘယ်လို လုပ်ရ လဲ ဆိုတာကို pratice လုပ်ရတယ်။ စာ သဘော တရား အရလည်း သင်ရ တယ်။ ပိုလန် နဲ့ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဆိုရင်လည်း ဘယ်လို ကွာခြားလဲ။ ကိုယ့် တစ်ယောက် ချင်းစီရဲ့ အမြင် ကိုပြောကြပြီး ဆွေးနွေးကြတယ်။ ပို လန်နိုင်ငံ ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာ
န ကနေ အကုန်ခံ ပြီးတော့ လုပ် တာပေါ့။ Certificated လာပေးတော့ လည်း နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ကျွန်မ တို့ကို လာပေးတယ်။ ၆ရက် အတွင်းမှာ Course အတိ အကျ သင်ေ ပး တယ်။ နိုင်ငံ တစ်နိုင်ငံ ရဲ့ တိုးတက်မှု၊ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး အကြောင်းတွေပေါ့။ အခြေခံတော့ အားလုံး နားလည် ခဲ့တယ်။ သြော်... နိုင် ငံ တစ်နိုင်ငံ ကို အုပ်ချုပ်တာ ဒီလိုပါလားဆိုတာ နားလည် ခဲ့တယ်။ တစ်ေ ယာက် တည်း သဘောနဲ့ လုပ်လို့ မရဘူး ဆိုတာ လည်း သိလာ ရတယ်။ ကျွန်မ ကတော့ အဲ့ဒီ သင်တန်း ကနေသင်တဲ့ အချက် အလက်တွေ အကုန် ယူလာ တယ်။ အမြဲတမ်း ဖတ်လို့ ရအောင်ပေါ့။ ပြောပြ တာကေ တာ့ ပြန်ပြော လို့ ရပေ မယ့် ကိုယ်ကိုယ် တိုင်တက်ပြီး ကိုယ်တိုင်ပါမှ ဒါမျိုး က နား လည် မှာလေ။ နောက်ပြီး ကျွန်မတို့ ပိုလန်နိုင်ငံ ရဲ့ ပါလီမန် ထဲေ ရာက် ခဲ့တယ်။ ပါလီမန် ထဲကို လိုက် လေ့လာခွင့် ရခဲ့တယ် ။ အောက် လွှတ်တော် ကို သေချာ ရှင်းပြတယ်။ တော်တော်လေး လည်း ပညာ ရသလို၊ အမြင် ဆန်းတွေလည်း တွေ့ခဲ့ရတယ်" လို့ ပိုလန် ခရီးစဉ်နဲ့ ပတ် သက် ပြီးပြောပြ ပါ တယ်။ သံသာဝင်း က ၉ရက် နေ့မှာတော့ ပိုလန်နိုင်ငံ ကနေ ဘန်ကောက်ကို ဝင်ပြီးဆေး စစ်ခဲ့သလို၊ မောင် ဖြစ်သူရဲ့ မွေးနေ့ပွဲ ကိုလည်း အတူတူ ဆင်နွှဲ ပေးဖြစ်ခဲ့ပါသေးတယ်။ ဘန်ကောက်မှာ ၁ဝ ရက်လောက် ကြာခဲ့ပြီး၊ စက်တင် ဘာ ၁၈ရက်နေ့ ရန်ကုန် ကို ပြန်လည်ေ ရာက် ရှိခဲ့ပါ တယ်။ သံသာ ဝင်း က စက်တင်ဘာ ၁၉ ရက်မွေးနေ့ကိုတော့ မိသားစုနဲ့ပဲ ပွဲလေး လုပ်ပြီး ဖြတ် သန်းဖြစ်ခဲ့ကြောင်း ပြောပါတယ်။

လင်းအက္ခရာ

By Popular Myanmar

No comments:

Post a Comment