Thursday 27 September 2012

နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောမည်


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမ
ဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက်
ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်နှင့်
အစိုးရအဖွဲ့ ခေါင်းဆောင် ၁၁၆ ဦး တက်ရောက်

ခဲ့ကြသည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသော ကမ္ဘာ
လုံးဆိုင်ရာ အဖွဲ့ကြီး၏ ခေါင်းဆောင်များသာမက နိုင်ငံခြားရေးဝန်ကြီးများနှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့ကြသည်။

ပုံမှန်အတိုင်း ကုလအထွေထွေ ညီလာခံကျင်းပရာ ခန်းမတွင်းမှ ခေါင်းဆောင်အချို့၏ မိန့်ခွန်းပြောကြားမှုနှင့်အတူ ကုလရုံးချုပ်တွင်းနှင့် အပြင်ဖက်တွင် အစုလိုက်တွေ့ဆုံမှုများ၊ နှစ်နိုင်ငံချင်း တွေ့ဆုံမှုများလည်း ပြုလုပ်ကြမည်ဖြစ်သည်။

ကုလအထွေထွေညီလာခံ ကျင်းပရာခန်းမတွင်း မိန့်ခွန်းပြောကြားခွင့်ရသည့် ခေါင်းဆောင်များတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ
သမ္မတဦးသိန်းစိန်ပါ ပါဝင်လာခဲ့သည်။ ကုလအထွေထွေညီလာခံမှ စိတ်ဝင်စားဖွယ် အစီအစဉ်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

တနင်္လာ (စက်တင်ဘာ ၂၄ ရက်)

ဆီးရီးယားမြို့တော် ဒမစကတ်နှင့် အာရပ်ဒေသတွင်းမှ ပြန်လာသည့် ဆီးရီးယားဆိုင်ရာ
ကုလ၊ အာရပ်အဖွဲ့ချုပ် ပူးတွဲအထူးကိုယ်စားလှယ် လက်ခ်ဒါဘရာဟီမီက လုံခြုံရေးကောင်
စီတွင် အခြေအနေများ တင်ပြခဲ့သည်။

''တရားဥပဒေစိုးမိုးမှု'' ''Rule of Law" ဆိုင်ရာ ၀န်ကြီးများနှင့် အစိုးရကိုယ်စားလှယ်များ အဆင့်မြင့်ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ တရားဥပ ဒေ၊ အုပ်ချုပ်မှု၊ လုံခြုံရေး၊ လူ့အခွင့်
အရေးဆိုင်ရာ ကိစ္စများတွင် အားကောင်းသော အဖွဲ့အစည်းများဖြစ် ပေါ်လာရေး နိုင်ငံ
အဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့် တရားဝင်မူဘောင်များအတွက် ညှိနှိုင်းခဲ့သည်။

အင်္ဂါ (စက်တင်ဘာလ ၂၅ ရက်နေ့)

နံနက်ပိုင်းတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ မိန့်ခွန်းဖြင့် စဖွင့်ခဲ့သည်။ ခေါင်းဆောင်များ၏ နေ့လယ်စာ စားပွဲပြီးနောက်တွင် ပြင်သစ်သမ္မတသစ် ဖရန်ဆွာအော်လွန်ဒ်က မိန့်ခွန်းပြောခဲ့သည်။

ညနေပိုင်းတွင် ပါကစ္စတန်သမ္မတ အဆစ်ဖ်အလီဇာဒါရီနှင့် အာဖဂန်သမ္မတ ဟာမစ်ကာ
ဇိုင်းတို့ မိန့်ခွန်းပြောရန် စီစဉ်ထားသည်။ ကာဇိုင်းသည် ယမန်နှစ်က ပြောရန် စီစဉ်
ခဲ့သော်လည်း သမ္မတဟောင်းနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘူရ်ဟာနူဒင်
ရာဘာနီ လုပ်ကြံခံခဲ့ရသောကြောင့် အမိမြေသို့ ပြန်ခဲ့ရသည်။

စီးပွားရေးနှင့် ယူရိုဇုန်အကျပ်အတည်းက အာရုံစိုက်စရာဖြစ်နေချိန်တွင်
ညပိုင်းနောက်ဆုံး မိန့်ခွန်းပြောသူမှာ စပိန်ဝန်ကြီးချုပ် မာရီယာနိုရာ
ဂျွိုင်းဖြစ်သည်။

ဗုဒ္ဓဟူး (စက်တင်ဘာလ ၂၆ ရက်)

အငြင်းပွားဖွယ် မိန့်ခွန်းတို့ဖြင့် နာမည်ကျော်သော အီရန်သမ္မတ အမာဒီနီဂျက်၏
အလှည့်ဖြစ်သည်။

 အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခြင်း၊ ဟိုလိုကော့စ်ဖြစ်ရပ်ဆိုးကို မယုံကြည်သည့်
သဘောပြောကာ အစ္စရေးနှင့် ထောက်ခံသူနိုင်ငံများကို  ဝေဖန်ခြင်းကြောင့် ယခင်နှစ်များ
တွင် ကိုယ်စားလှယ်အများအပြား အမာဒီနီဂျက် မိန့်ခွန်းပြောစဉ် ခန်းမအတွင်းမှ
ထွက်သွားမှုများ ရှိခဲ့သည်။

မူဘာရက်လွန် အီဂျစ်၏သမ္မတ သစ်မိုဟာမက်မော်စီ မိန့်ခွန်းပြောမည်ဖြစ်သည်။
မကြာသေးမီက အီရန်သို့ သွားရောက်ခဲ့ခြင်းနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို
အဆင့်မြှင့်ခဲ့ခြင်း၊ ဆိုင်းနိုင်းဒေသတွင် အကြမ်းဖကသမားတို့၏ လှုပ်ရှားမှုများ
အရှိန်မြင့် လာခြင်း၊ အီဂျစ်တွင် အမေရိကန်နှင့် အစ္စရေးတို့အပေါ် ဆန့်ကျင်မှုများ
အရှိန်မြင့်လာခြင်းကြောင့် ကမ္ဘာ့ဇာတ်ခုံပေါ်မှ ပလေယာသစ်၏ ရပ်တည်ချက်ကို
မည်သို့ ကြားရမည်ဆိုခြင်းမှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။

ကုလလုံခြုံရေးကောင်စီ ဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး အာရပ်နွေဦး ဖြစ်စဉ်အလွန်တွင် အာရပ်အဖွဲ့ချုပ်၏ ဒေသတွင်းအခန်းကဏ္ဍကို  အဓိကထား ဆွေးနွေးဖွယ်ရှိသည်။

ကြာသပတေး (စက်တင်ဘာလ ၂၇ ရက်)
အဓိက အာရုံစိုက်စရာဖြစ်မည်မှာ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ခေါင်းဆောင် မာမွတ်
အဘားစ် မိန့်ခွန်းပြောပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု
 မိန့်ခွန်းပြောမည့် အစီအစဉ်ဖြစ်သည်။

 ပါလက်စတိုင်းသည် ကုလတွင် လေ့ လာသူအဆင့်မှ အဖွဲ့ဝင်မဟုတ်သည့် လေ့လာ
သူနိုင်ငံအဖြစ် အဆင့်တိုးမြှင့်နိုင်ရေး ကြိုးပမ်းမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က တင်းပြည့်
အဖွဲ့ဝင်ဖြစ်ရေး အဘားစ်က ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးကောင်စီတွင်
ဟန့်တားခံခဲ့ရသည်။

အီရန်အရေးကို E3+3 (ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ+ တရုတ်၊ရုရှား၊ အမေရိကန်) ညွှန်မှူး
များနှင့် ၀န်ကြီးများ ဆွေးနွေးပွဲတွင် ဆွေးနွေးကြမည်ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးများကို ဦးဆောင်ခဲ့သောကြောင့် နိုင်ငံတကာက စိတ်ဝင်
စားနေကြသော မြန်မာသမ္မတ ဦးသိန်းစိန်သည် ယင်းနေ့ အစောပိုင်းတွင်
မိန့်ခွန်းပြောမည်ဖြစ်သည်။

အမေရိကန်သို့ ရောက်ရှိနေသော ဒေါ်အောင် ဆန်းစုကြည် တက်ရောက်နားထောင်ခြင်း ရှိ၊ မရှိကိုလည်း နိုင်ငံတကာမီဒီယာများက စိတ်ဝင်စားဖွယ်ကိစ္စအဖြစ် ဖော်ပြနေကြသည်။

သောကြာ (စက်တင်ဘာလ ၂၈ ရက်)

ကုလရုံးပြင်ပတွင် Friends of Syria Core Group ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။
 တနင်္လာ (အောက်တိုဘာလ ၁) နောက်ဆုံးနေ့ နံနက်ပိုင်းတွင် ဆီးရီးယား နိုင်ငံခြားရေး
ဝန်ကြီး ၀ါလီမိုလန်က မိန့်ခွန်းပြောမည်ဖြစ်သည်။
Ref;CNN

By Eleven Media Group

No comments:

Post a Comment