Saturday 6 July 2013

စင်ကာပူထီရောင်းသူများ အရေးယူတော့မည်

ဈေးကွက်တွင် ရေပန်းစားနေသော စင်ကာပူထီ သည် တရားမဝင်ဝင် ရောက်လာသည့်အတွက် ဖြန့်ချိသူများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအ ရ ပြင်းထန်စွာအရေးယူရန်စီစဉ် နေပြီဖြစ် ကြောင်း ဘဏ္ဍရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအ ခွန်ဦးစီးဌာနမှ
သိရသည်။ လက်ရှိ မြန်မာပြည်တွင်း၌ ပြည်သူများအကြား ပံျ့နှံ့စွာဝင် ရောက်လျက်ရှိသော စင်ကာပူထီ သည် တရားမဝင်သော မှောင်ခို လမ်းကြောင်းမှ ပြည်တွင်း သို့ဝင် ရောက်လာခြင်းဖြစ်နိုင်ကြောင်း၊ လက်ဝယ်ရောင်းချနေသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေပုဒ်မ ၂၉၄(က)နှင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာ လေ သိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူးဦးသိန်းနိုင်က ပြောသည်။

ဦးသိန်းနိုင်က ''အခုခေတ် စားနေတဲ့ စင်ကာပူထီဆိုတာဟာ တရားမဝင် မှောင်ခိုလမ်းကြောင်း က ဝင်ရောက်လာတာအများဆုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဖြန့်ချိ ရောင်းချနေတဲ့ ပြည်တွင်းထီတွေ နဲ့အပြိုင် ရောင်း ချဖြန့် ဖြူးနေ တာ တွေ့ရှိခဲ့ ရင် တော့ တည်ဆဲဥပဒေ ပုဒ်မ ၂၉၄-(က)နဲ့အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ပြော သည်။ အဆိုပါထီကိုထိုးထားသော ပြည်သူများအနေဖြင့်လည်း မိမိ ထံတွင်ရှိသော ထီလက်မှတ်သည် စစ် မစစ် သေချာစွာ မသိနိုင် ကြောင်း၊ အကယ်၍ အဆိုပါ စင်ကာပူထီ ပေါက်ခဲ့လျှင်လည်း မည်သို့မည်ပုံ ထုတ်ယူရမည်ကို သေချာစွာမသိ ရှိကြကြောင်း ယင်းကဆက်လက် ပြောသည်။

ယင်းနိုင်ငံမှထီဖြစ်သော ကြောင့် ပေါက်ခဲ့လျှင်လည်း မိမိ နိုင်ငံအတွက်အကျိုးမရှိဘဲ အဆို ပါနိုင်ငံသို့ အခွန်ပေးဆောင်ရ မည်သာဖြစ်ကြောင်း တိုင်းပြည် အတွက် မည်သည့်အကျိုးကျေးဇူး မှ ရရှိမည်မဟုတ်သည့်အတွက် ယင်းထီ များကို ဆက်လက်မထိုး ကြရန် ဦးသိန်းနိုင်က ဆက်လက် ပြောသည်။ ဦးသိန်းနိုင်က ''ပြည်တွင်းထီ ဟာ မြန်မာနိုင်ငံအတွက် အခွန် ငွေအများဆုံးရှာပေးနိုင်တဲ့ လုပ် ငန်းတစ်ခုပါ။ ရရှိလာတဲ့ဝင်ငွေ ရာခိုင်နှုန်း၎ဝဟာ နိုင်ငံတော် ကို ပေးဆောင် ရတာပါ။ အခု သူတို့ ထီဆိုတော့ အခွန်က သူတို့နိုင်ငံ ကပဲရမှာပေါ့။ မြန်မာနိုင်ငံအတွက် ဘာမှ အကျိုးမရှိပါဘူး။ အမျိုး သားရေးကို ထိန်းသိမ်းတဲ့အနေ နဲ့ ပြည်တွင်းကထီကိုပဲ အားပေး စေချင်ပါတယ်''ဟု ပြော သည်။

စင်ကာပူထီထိုးနေသူ တစ် ဦးက ''ကျွန်တော်တို့ ဒီထီကို စိတ် ဝင်စားပြီး ထိုးရတဲ့အချက်က ထီ ပေါက်ရင် ဆုကြေးက ဒေါ်လာ ၂ဒသမ၃သန်းရမှာပါ။ ထီတန် ဖိုးက ဒီမှာဝယ်ရင်မြန်မာငွေ ကျပ် ၃၅ဝဝပဲပေးရတယ်။ အောင်ဘာ လေထီက သိန်း ၁၅ဝဝ ပဲရှိတယ်။ ဒီလိုဆုကြေးကွာခြားနေတဲ့အ တွက် စင်ကာပူထီကို ထိုးတယ်'' ဟုပြောသည်။ အဆိုပါ စင်ကာပူထီသည် အက္ခရာမပါဘဲ ဂဏန်းခုနစ်လုံး သာရှိပြီး အောင်ဘာလေထီသည် အက္ခရာနှင့် ဂဏန်းခြောက်လုံး ဖြစ်သည့် အတွက် ထီဝါသနာရှင် များအနေဖြင့် ဆုမဲအကြီးပေါက် ရန် လွယ်ကူသောပြည်ပမှထီကို သာ စိတ်ဝင်စားမှုများကြောင်း ယင်းက ထပ်မံပြောသည်။

အဆိုပါထီ တရားမဝင်အ ပြိုင်ရောင်းချဖြန့်ဖြူးနေခြင်းသည် ပုဒ်မ-၂၉၄(က)၊ ပြစ်ဒဏ်အနေ ဖြင့် ထောင်ဒဏ်ခြောက်လအထိ သတ်မှတ်နိုင်ပြီး ငွေဒဏ်မှာ မနည်း လွန်း မများလွန်းသော ပမာဏ နှင့် ဒဏ်နှစ်ရပ်စလုံးလည်း ပူးတွဲ ကျနိုင်သည် အထိ အရေးယူဆောင် ရွက်နိုင်ကြောင်း ဥပဒေပညာရှင် များထံမှ သိရသည်။

ဝေဝေနှင်း
Ref & Credit : Yangon Media Group

Myanmar Update Channel ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment