Michael Clancy သည် USA Today Newspaperအတွက် "- "မွေးရာပါကျောရိုးအမြှေးကျွံခြင်း"
ကိုခွဲစိတ်ပြုပြင်ပုံအဆင့်ဆင့်ကို မှတ်တမ်း
တင်ရန် ခွဲစိတ်ခန်းထဲသို့ ရောက်ရှိနေသည်။
ခွဲစိတ်မှု ကို သားအိမ်အ တွင်း မှာသာပြုလုပ်မည်ဖြစ်၏။ ကိုယ်ဝန်မှာ 21 ပတ်သာရှိသေးသည်။ အခန့်မသင့်လျှင်ကလေးသေသွား နိုင်သည်။ သို့သော် အောင်မြင်စွာ ပြုပြင် လိုက်နိုင် သည်။
ခွဲစိတ်ထားသောအပေါက်မှာမူ မပိတ်ရသေးပေ။ Doctor က ကျွန်တော်ကို camera ဘယ်
လောက်နှုန်းနှင့် ရိုက်သလဲဟုမေးလိုက်စဉ်မှာ ပင် သားအိမ်အတွင်းမှ လက်ကလေး
တစ်ဖက် အတင်းတိုးထွက်လာသည်ကို တွေ့ လိုက်ရသည်။

Doctor ကထိုလက်ကလေး ကို "မ" လိုက်စဉ်မှာပင် လက်ချောင်းကလေး ကိုသူ၏ လက်လေးဖြင့်ဆုပ်
ကိုင်ထားလေတော့သည်။
Doctor ကအထဲပြန်သွင်းရန် ရွေ့လျားသောအခါ ပိုမိုမြဲမြံစွာ ဆုပ်ကိုင်ထားလေတော့သည်။
ထို့ နောက် အပေါက်ကို ပိတ်၊ သားအိမ်ကို ပြန်ထည့်၊ ဗိုက်ကိုပြန်ချုပ် ပြီးနောက် ခွဲစိတ်မှု အောင်မြင်စွာပြီးဆုံးသွားသည်။
ထိုဓာတ်ပုံလေး ကို USA Today Newspaper မှဖော်ပြလိုက်သောအခါလုထုတစ်ရပ်လုံး အံ့သြ ခဲ့ရသည်။အကြာင်းမုကား 21 ပတ်သာရှိသေးသော်လည်း ကောင်းစွာဖွံဖြိုးကာ ရုပ်လုံးပေါ်နေပြီ ဖြစ်ကြောင်းကိုသိရှိလိုက်ရသောကြောင့်ပင်။
ထိုပုံလေးကြောင့်ပင် လမရင့်ခင်ကိုယ်ဝန်ဖျက်ချသော အယူအဆများ ပြောင်းလဲလာခဲ့သည်။
1999 ခုနှစ်တွင်မွေးဖွားပြီး ယခုဆိုလျှင် ၁၃ နှစ်ရှိပြီဖြစ်သောSamuel လေးကတော့ ထို
ဓာတ်ပုံလေးကြောင့် ကိုယ်ဝန်ဖျက်ချမှုနှုန်းများ ကျဆင်းလာသည်ကို ဂုဏ်ယူမဆုံး
ဖြစ်နေရတော့သည်။ ထိုဓာတ်ပုံလေးကို "Hand of Hope " ဟုလူသိများသည်။
ဂွှေမြန်မာ
No comments:
Post a Comment