Tuesday 4 September 2012

မြောင်းမြ ဦးဆောင်ဆန္ဒထုတ်ဖော်သူနှုစ်ဦးအား ဒီချုပ် ဗဟိုမှ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့


မြောင်းမြမြို့နယ် အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်ဝင်များ၏ ဆန္ဒဖော်
ထုတ်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် (ဗဟို)မစက်တင်ဘာလ
 ၃ ရက် ရက်စွဲဖြင့် ကြေညာချက်


တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
 
ယင်းကြေညာချက်တွင် မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲ ကိစ္စနှင့်စပ်လျဉ်းပြီး စုံစမ်းရေး
အဖွဲ့၏ အစီရင်ခံစာအရ ဆန္ဒဖော်ထုတ်ပွဲကို အဓိက ဦးဆောင် ဆောင်ရွက်သူများမှာ
ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ဖြစ်ကြပြီး လူတစ်ဦးတစ်ယောက် မြို့နယ်ညီလာခံကျင်းပရေး
 ကော်မရှင် ဥက္ကဋ္ဌ မဖြစ်သည်ကို အကြောင်းခံသည်ဟု သိရကြောင်း၊

ဆန္ဒဖော်ထုတ်ရန် ဦးဆောင်သူ ဦးမြင့်ကျော် ၊ ဦးဝင်းရွှေ (ခ) ရွှေမှိုင်း တို့အား ဗဟိုညီလာခံကျင်း



ပချိန်ထိ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားလိုက်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။


 PopularNews

ရွှေမြန်မာ

No comments:

Post a Comment