Tuesday 4 September 2012

လယ်ယာမြေ တိုက်ပွဲ အကူအညီ ပေး နေ သူများ အား ဖမ်းဆီး


လက်ပန် တောင် ကြေးနီ စီမံ ကိန်း တွင်
 လယ်ယာ မြေ အသိမ်း ခံ ထား ရသည့်
 တောင်သူလယ်သမား များ ၏  မြေသိမ်း
 တိုက် ပွဲ တွင် အကူအညီ ပေး နေသည့်

 မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများ မိသားစုအကျိုးဆောင် ကွန်ယက် မှ
ကိုဝေလုကို ဆားလင်းကြီး ရဲစခန်းမှဖမ်းဆီး ပြီး နောက် ကိုဟန်ဝင်းအောင် နှင့် ကိုစိုးဝင်း
တို့  ကို လည်း စစ်ထောက်လှမ်း ရေး နှင့်ရဲတပ် ဖွဲ့  မှ ဖမ်းဆီး ရန် အတွက် လိုက် လံ
ရှာ ဖွေ နေကြောင်း FNG မှ သတင်း ရရှိသည်။

လက်ပန်တောင်း တောင် ကြေးနီ စီမံကိန်း အနီးအနားမှ ကျေးရွာများမှ ရွာခံများ စုပေါင်း၍
ငြိမ်းချမ်းစွာ စီတန်ုးလှည့်လည် ပွဲ များ ကို ဇူလိုင် လ နှင့် သြဂုတ် အတွင်း ပြု လုပ် ခဲ့ ပြီး သြ
ဂုတ် လ အတွင်း ဉ် ရဲတပ် ဖွဲ့  က အင်အားသုံးကာ တားဆီး မှု များ ရှိ ခဲ့ ပြီး ပုဒ်မ ၁၄၄ ထုတ်
ပြန် ခဲ့ သည်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အား  ​တရုတ်နိုင်ငံ ၀မ်ပေါင် ကုမ္ပဏီ နှင့်  ​အစိုးရပိုင် ဦးပိုင် 
လီမီတက် ပူးတွဲ လုပ် ကိုင် နေကြတာ ဖြစ် ပြီး  ​စီမံ ကိန်း အတွက် လယ်မြေဧက ​၇၈၀၀ကျော်ကို
သိမ်း ဆည်း ခဲ့ သည်။

ကြေးနီး စီမံကိန်း လုပ်ငန်း ခွင် အနီး သို့  သွား ရောက် ဆန္ဒပြ သည့် လယ်သမား များ နှင့် ဒေသခံ
များ ကို ရဲတပ် ဖွဲ့  က လက်နက် အပြည့် အစုံ တပ် ဆင် ကာ အင်အား သုံး ပြီး
ဟန့် တား ခဲ့ သည်။

ကိုဝေလု နှင့် နိုင်ငံရေး အကျဉ်းသား အကျိုးဆောင် ကွန်ယက် မှ အဖွဲ့  ၀င်များ သည် ရန်ကုန် ၊မန္တလေး
ဧရာဝတီ တိုင်း နှင့် ပဲခူး တိုင်း တို့ မှ လယ်သမား နှင့် အလုပ်သမား များ ၏ အခွင့် အရေး တောင်း ဆို
မှု များ တွင် ပါဝင် အကူအညီ ပေး ခဲ့ ကြသည်။

ကိုဝေလုအား အား မြန်မာနိုင်ငံရဲတပ်ဖွဲ့  က စစ်ကိုင်းခရိုင် မြင်းမူမြို့အ၀င် ရွှေစကြာ ယာဉ်
လိုင်း ပေါ်တွင် ရှိ နေစဉ် စုံစမ်း စစ်ဆေး ရန် အတွက် ဆို ကာ ခေါ်ယူ
သွား ခဲ့ သည်။

Freedom News Group

No comments:

Post a Comment