Tuesday 4 September 2012

ထင်ရှားသော ကျော် ကြားသောစာရေးဆရာ ဒဂုန်တာရာမှ အနောက်ရိုးမ သွေးညှီနံများ မကုန်ကြသေးသည်ကို တွေ့ ရကြောင့်ပန်ကြား စာတစ်စောင်ရေးပို့ 


စာရေးဆရာ၊ကဗျာဆရာငြိမ်းချမ်းရေး
ပုဂ္ဂိုလ်အဖြစ်ထင်ရှားသောဒဂုန်တာရာမှ
လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေ
များနှင့်ပတ်သက်၍နိုင်ငံရေးအပေါင်း
အဖော်များနှင့် ပြည်သူများ

အတွက် ပန်ကြားစာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။
 ပန်ကြားလွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

နိုင်ငံရေးအပေါင်းအဖော်များနဲ့ပြည်သူများအတွက်ပန်ကြားလွှာ

ကျနော်တို့မြန်မာပြည်၌နေထိုင်သောပြည်ထောင်စုသားများတွင် ရေခဲတောင်တန်းများ
အနောက်ရိုးမသစ်တောများဖုံးလွှမ်းနေသောနေရာများ သွေးညှီနံများမကုန်ကြသေး
သည်ကိုတွေ့ ရသည် ကျွန်တော်များစွာဝမ်းနည်းမိပါသည်။

ထိုပြင် ပြည်သူ့ လွှတ်တော်ထဲ၌လဲ အမျိုးမျိုးသောအသံများကိုကျယ်လောင်
စွာကြားနေရပါသည်။

ကျနော်တို့တိုင်းပြည်၌လည်း ဒီမိုကရေစီပန်းနုရောင်ကလည်းသန်းစအချိန်ဖြစ်ပါသည်။ အမတန်နု
နယ်သောအချိန်ကာလဖြစ်ပါသည်။

ထိုပြင် မြန်မာနိုင်ငံကြီးပြန်လည်တည်ဆောက်ပြုပြင်ရာတွင် ပါဝင်ကြမည်ဟု အားခဲထားသော ကျောင်းသားခေါင်းဆောင်များနိုင်ငံရေးခေါင်းဆောင်များရောက်လာသော
အချိန်လဲဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီပန်းနုရောင်ကာလသည် အချင်းချင်းမေတ္တာဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေး
အတွက် အလေးထားလုပ်ဆောင်ရန်မေတ္တာရပ်ခံပါသည်။

ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်သည်လှေကိုမလှုပ်အောင် လူးအောင်မလှုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။

လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရကျွန်တော်ယခုကာလကိုစိုးရိမ်စွာစောင့်ကြည့်နေရ
သောအချိန်ဟုယူဆပါသည်။

၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုင်းဝန်းထိန်းသိမ်း
ကြစေရန် ပန်ကြားအပ်ပါသည်။

ဒဂုန်တာရာ (သာမိုင်းခမ်း)


၎င်းပန်ကြားလွှာအား ကိုသောင်းပုလဲမြေ ဖေ့ဘွတ်တွင်ဖော်ပြထားသည်ကို မှူးဇော်မှ
မျှဝေထားရာ ၄င်းထံမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ရွှေမြန်မာ

No comments:

Post a Comment