Wednesday 26 September 2012

တရုတ်နှင့် အာဖဂန် လုံခြုံရေး ပူးပေါင်း မည်ဟု စာချုပ် လက်မှတ်ရေးထိုး


တရုတ်နှင့် အာဖဂန် လုံခြုံရေး ပူးပေါင်း မည်ဟု စာချုပ် လက်မှတ်ရေးထိုး တရုတ် ထိပ်တန်း တာဝန်ရှိသူ တစ်ဦး အနေဖြင့် ကဘူးလ်မြို့ကို သွား သည့် ဖြစ်တောင့်ဖြစ်ခဲ ခရီးစဉ် တစ်ခုအ
တွင်း တရုတ်နိုင်ငံနှင့် အာ ဖဂန်နစ္စတန်နိုင်ငံတို့အကြား လုံခြုံ ရေးနှင့် စီးပွားရေးသဘောတူစာ ချုပ်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်းသိရသည်။

အဆိုပါ သ ဘောတူ စာချုပ် များတွင် ၂၀၁၄ ခုနှစ်၌ နေတိုး(NATO) ၏ တိုက် ပွဲဝင်တပ်ဖွဲ့အားလုံးနီးပါး ရုပ်သိမ်း မည့်အရေးနှင့်ပတ်သက်၍ ပေကျင်း ၏ ဩဇာ လွှမ်းမိုးမှုကို ထောက်ခံ ရန် ရည်ရွယ်ကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်း လုံ ခြုံရေး အကြီးအကဲလည်းဖြစ်၊ ကွန် မြူနစ်ပါတီ၏ အုပ်ချုပ်ရေး ဗဟို ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သူ ဇူယန်ကန် (Zhou Yong kang) က စနေနေ့တွင် အာဖဂန် မြို့တော်သို့ ထုတ်ပြန်ကြေညာခြင်း မရှိသည့်အလည်အပတ်ခရီးတစ်ခု ကိုသွားရောက်ခဲ့ကာ အာဖဂန် နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်း (Hamid Karzai) နှင့်အတူ ၄င်း၏ ဥယျာဉ်နန်းတော်တွင် တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသိရသည်။ အာဖဂန်နစ္စတန်နိုင်ငံသို့ သွား ရောက်သည့် ဇူ၏အလည်အပတ် ခရီးစဉ်သည် ၁၉၆၆ ခုနှစ်တွင် တရုတ်ကြီးတန်းခေါင်းဆောင်သွား ခဲ့ပြီးနောက် ပထမဆုံး အကြိမ် သွားရောက် ခဲ့ခြင်းဖြစ်သည်။
ယခု နှစ် ဇွန်လတွင်သမ္မတကာဇိုင်းပေ ကျင်းသို့သွားရောက်ခဲ့စဉ်က ဒေသ တွင်း အစွန်းရောက်တိုက်ခိုက်မှု များနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ သည်ဟု သိရသည်။ အစ္စလာမ်ကို စော်ကားသော ရုပ်ရှင်တစ်ခုအပေါ်က ဘူးလ်မြို့ တွင် အကြမ်းဖက်ဆန္ဒပြမှုများဖြစ် ပွားပြီးနောက် တင်းကျပ်သော လုံ ခြုံရေးချထားသော အဆိုပါ ဆွေး နွေးပွဲတွင် ဇူကလုံခြုံရေးနှင့် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ဆောင်ရွက်ရေး သဘောတူစာချုပ် များကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာချုပ်များတွင် အာဖဂန် ရဲ တပ်ဖွဲ့ကို လေ့ကျင့်သင်ကြားပေး ရေး၊ လက်နက်တပ်ဆင်ရေးနှင့် ငွေ ကြေးထောက်ပံ့ရေးတို့ပါဝင်သည် ဟုဆိုသည်။ တရုတ်အစိုးရသည် အာဖဂန် နစ္စတန်နိုင်ငံ၏ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းတွင် တက် တက်ြွကြွကပါဝင်ဆောင်ရွက်ပေး မည်ဟု ဇူက ကာဇိုင်းကို ပြောဆို ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ ဒေသတွင်းလုံခြုံရေးသည် အာဖဂန်နစ္စတန်နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေး အပေါ်တွင် မူတည်ကြောင်း၊ သမ္မတ ကာဇိုင်းက ပြောဆိုခဲ့သည် ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Aimal Faizi က ထုတ်ဖော်ပြောဆို ခဲ့သည်။

By ရိုးရာလေး

No comments:

Post a Comment