Wednesday 26 September 2012

"မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တန်ဖိုးနည်းဖုန်း ရောင်းချမည့်သတင်း ဆက်သွယ်ရေးငြင်း"


ဆက်သွယ်ရေး အော်ပရေတာလိုင်စင်မရှိသော မည်သူ့ကိုမျှ ဖုန်းရောင်းချခွင့် ပေးမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းဖုန်း ဈေးကွက်၌ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)မှကျပ် တစ်သိန်းသုံးသောင်းတန် CDMA 800 MHz ဖုန်းများအား ယခုနှစ် အတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းအပေါ် မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင် ဂျင်နီယာချုပ်တစ်ဦးက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ် သည်။
''လတ်တလော ကြားနေရတဲ့ သတင်းဆိုရင် လုံးဝဖြစ်နိုင်ဖွယ်မရှိ ဘူး။ MEC ကုမ္ပဏီအနေနဲ့ အော် ပရေတာလိုင်စင်အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဝန်ကြီးဌာနကို လိုင်စင် လျှောက်ရမယ်။ ဒါ့အပြင် Frequency အသုံးပြုခွင့်လည်း လျှောက်ရမယ်။ ဒါတွေအားလုံး ဘာမှမလုပ် ထားဘဲနဲ့ ကျွန်တော်တို့ဘက်က ဖုန်းရောင်းချခွင့်ပေးလို့မရပါဘူး။ MEC မှ မဟုတ်ဘူး။ ဘယ်ကုမ္ပဏီမဆို ဆက်သွယ်ရေးက ပြဋ္ဌာန်းထားတဲ့ အချက်တွေမရှိဘဲ ဖုန်းရောင်းချခွင့် မရှိပါဘူး''ဟု ၄င်းက ပြောသည်။
ယင်းအပြင် ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး ကလည်း Operator လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ အချက် သုံးချက်ရှိကြောင်း ပထမအချက်မှာ ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာအဖြစ် လုပ်ကိုင် ခွင့်ပေးခြင်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ခွင့် ပြုနိုင်သည့် အခွင့် အာဏာမရှိဘဲ အစိုးရအဖွဲ့ကသာ အမိန့်ကြေညာ စာထုတ်ပြန်၍ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ပြုနိုင်ပါကြောင်း၊ ဒုတိ ယအချက်မှာ အမိန့်ကြေညာစာ ထုတ်ပြန်ထားပါကလည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လုပ်ငန်းလိုင်စင်၊ Frequency နှင့် Numbering Plan ကို လျှောက်ထား ပြီး ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ အော်ပရေတာ လုပ်ကိုင်ခွင့်ရရှိပါက အော်ပရေတာရရှိထားသူ၏ ဆက်သွယ်ရေး ကွန်ရက်နှင့် အခြားအော်ပရေ တာတစ်ဦး၏ ဆက်သွယ်ရေး ကွန်ရက်တို့အကြား အပြန်အလှန်ချိတ်ဆက် ပြောဆိုနိုင်ရေးအတွက် Inter-connection Agreement ရှိရန် လိုအပ်ကြောင်း ယင်းအချက်များ ပြည့်စုံမှ သာလျှင် မိုဘိုင်းဖုန်းထုတ်လုပ် ရောင်းချခွင့် ရရှိမည်ဖြစ် ကြောင်း ပြောသည်။
ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုကသာ နှစ်ကာလအတန်ကြာ ရယူထား သော်လည်း လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာကို ပုဂ္ဂလိကကုမ္ပဏီ များအား ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ ထုတ်ပြန် ထားသည်။
ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်မရှိဘဲ MEC ကုမ္ပဏီမှ ဖုန်းရောင်း ချပေးမည် ဆိုသည့် သတင်းများကဲ့သို့ ယခင်က ရွှေပြည်တံခွန် ကုမ္ပဏီမှ လည်း ကျပ်ငါးထောင်တန် ဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ဖူးကြောင်း ဖုန်းဈေးကွက်မှ သိရသည်။

By Popular Myanmar

ဓာတ်ပုံ - Aye Chan Mon

No comments:

Post a Comment