Wednesday 26 September 2012

အင်တာနက်ရေဒီယိုဖြစ်သော 7onlineradio တွင် ထုတ်လွှင့်နေသည့် တေးသီချင်းများကို အနုပညာကြေးပေးနိုင်ရန် ဂီတအစည်းအရုံးနှင့် အကြိုညှိနှိုင်းမှုပြုလုပ်


thn_b_05အင်တာန
က်ရေဒီယိုဖြစ်သော 7online- radio တွင်ထုတ်လွှင့်နေ သည့် တေးသီချင်းများကို အနုပညာကြေးပေးနိုင်ရန် ဂီတအစည်းအရုံးနှင့်
အကြိုညှိနှိုင်းမှုပြုလုပ်ခဲ့သည် ဟုသတင်းရရှိသည်။ ယင်းသို့ ညှိနှိုင်းမှု ပြုလုပ်ရာတွင် အကြမ်းဖျင်းသဘော တူညီချက်အား ရရှိထားပြီးဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံညှိနှိုင်းပြီးချိန်တွင် ထုတ်ပြန်ပေးသွားမည်ဟု သိရှိရသည်။
''ကျွန်တော်တို့အနေနဲ့ ဂီတ လောကသားတွေရသင့်ရထိုက်တာ ကိုရစေချင်သလို ဒီဘက်ကလုပ်ဆောင် သူတွေအနေနဲ့ လည်းအဆင်ပြေပြေလေး ဖြစ်စေချင်တယ်။ဒီအတွက် ဂီတအစည်းအရုံးက တာဝန်ရှိသူတွေနဲ့ ညှိ နှိုင်းပြီးတော့ နှစ်ဦးနှစ်ဖက်စလုံး ပြေလည်မယ့်ပုံစံဖြစ်အောင် ညှိနှိုင်းနေပါတယ်။ စက်တင်ဘာလ၂၁ရက်နေ့ မှာ ညှိနှိုင်းခဲ့ပေမယ့် ဂီတအစည်းအရုံးက အမှုဆောင်အဖွဲ့ဝင်တွေလူမစုံတာကြောင့် အကြမ်းဖျင်း ညှိနှိုင်းသဘောတူတာမျိုးပဲရှိပါသေးတယ်။ အသေးစိတ်ညှိနှိုင်းသဘောတူမှုကိုတော့ ထပ်ပြီး ဆွေးနွေးဆုံးဖြတ်သွားပါမယ်။ ဦးတည်ဆွေးနွေးတဲ့အကြောင်းအရာကတော့ ဂီတလောကသားတွေရဲ့ရပိုင်ခွင့်တွေလည်း ထိုက်ထိုက်တန်တန် ဖြစ်အောင်၊ နစ်နာဆုံးရှုံးမှုမရှိရအောင် ညှိနှိုင်းတိုင်ပင်တာပါ။ အသေးစိတ် ဆုံးဖြတ်ပြီးသွားရင်တော့ ဂီတလောကသားတွေ အားလုံးလည်း သိရှိနိုင်ဖို့ ထုတ်ပြန်ပေးသွားမှာပါ'' ဟု 7online- radio မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် တေးရေးမင်းချစ်သူက ရှင်းပြခဲ့သည်။

7onlineradio သည်ကမ္ဘာတစ်ဝန်းရှိ မြန်မာများအင်တာနက်မှ တဆင့် မြန်မာတေးသီချင်းများနားဆင်ခံစားနိုင်ရန်အတွက် စက်တင်ဘာလ ၉ ရက်နေ့တွင်စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ 7onlineradio ကို အင် တာနက်မှတစ်ဆင့် နားဆင်ခံစားလိုသူများအနေဖြင့် Adobe Air ကို (http://get.adobe.com/air) download လုပ်ပြီး install လုပ်ရန်၊ www.7onlineradio မှ official player ကို download လုပ်ပြီး install  လုပ်ကာ နားဆင်နိုင်သည်ဟု သိရသည်။

7onlineradio သည် အင်တာနက်မှ တဆင့်ချိတ်ဆက်ကာ နားဆင်နိုင်သည့် ပထမဆုံးရေဒီယိုလိုင်းဖြစ်ပြီး မြန်မာတေးသီချင်းများအား ၂၄ နာရီ နားဆင်နိုင်သည့် ရေဒီယိုလိုင်းဖြစ်သည်ဟု သိရှိရသည်။

By Eleven Media Group

No comments:

Post a Comment