Wednesday 26 September 2012

မြန်မာခေါင်းဆောင်တွေကို ဘန်ကီမွန်းချီးမွမ်း


မြန်မာနိုင်ငံက ခေါင်းဆောင်တွေဟာ ဒီမိုကရေစီထွန်းကားတဲ့လမ်းဆီကိုဦးတည်နေပြီး ပြန်လည်စည်းလုံးရေးကိုကြိုးပမ်းနေတာတွေဟာ သတ္တိနဲ့
ဆုံးဖြတ်ချက်ခိုင်မာမှုရှိတာကိုပြတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ တိုင်းရင်းသားရေးရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသေးတယ်လို့ပြောသွားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် က ကမ္ဘာကြီးဟာ ပဋိပက္ခတွေ အပြောင်းအလဲတွေ အသွင်းပြောင်းလဲခြင်းတွေ မြှောက်များစွာနဲ့ ရင်ဆိုင်နေရချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဘန်ကီမွန်းက မိန့်ခွန်းထဲမှာ ခေါင်းဆောင်ဆိုတာ မိမိတို့အသံကို အသုံးချပြီး တင်းမာမှုတွေကို မြှင့်တင်ရမည့်အစား လျှော့ကျသွားအောင်ကြိုးပမ်းရမျာဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာလူသားတွေဟာ မိသားစုတစုသာဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ပူလောင်နေတဲ့ နေရာတွေနဲ့ပတ်သက်ပြီး သတိပေးလိုတယ်လို့ဆိုပါတယ်။

အဓိကအားဖြင့် စီးရီးယား နဲ့ ပါလစ္စတိုင်း နှစ်နိုင်ငံကြား ဖြေရှင်းဖို့လိုအပ်တဲ့အကြောင်း။ အစ္စရေး နဲ့ အီရန် နှစ်နိုင်ငံတို့ကနေသုံးနှုန်းတဲ့စကားတွေထဲမှာ စစ်ရေးအရအရေးယူဆောင်ရွက်မယ်ဆိုတဲ့ ချိန်းခြောက်ပြော ဆိုသံတွေလျော့ပေါ့သုံးနှုန်းဖို့အတွက်နဲ့ မြောက်ကိုးရီးယားနိုင်ငံက နျူးကလီးယားလက်နက်တိုးချဲ့ရေးအစီအစဉ်တွေကို စိုးရိမ်ပူပန်တဲ့အကြောင်းတွေပြောသွားပါတယ်။

အီရန်နိုင်ငံမှာ ပြုလုပ်နေတဲ့ နျူးကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက်ဆိုတာ အထောက်အထားပြဖို့လိုအပ်တဲ့အကြောင်း မြောက်ကိုးရီးယား နိုင်ငံကိုလည်း ကိုးရီးယားကျွန်းဆွယ်တ၀ိုက်မှာ နျူးကလီးယား လက်နက်ကင်းလွတ်တဲ့ဒေသဖြစ်အောင် ဆောင်ရွက်ဖို့၊ ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဆုံးဖြတ်ချက်ကို ချက်ချင်းလက်ငင်းအပြည့်အ၀လက်ခံဖို့ပြော သွားပါတယ်။


News from : Radio Australia - Myanmar
Post by အေးချမ်းမွန်

By Aye Chan Mon

No comments:

Post a Comment