Sunday 30 September 2012

ကုမ္ပဏီအမှု လွှတ်တော်ပတ်ပြီ


ဒဂုံမြို့သစ် (ဆိပ်ကမ်း၊ အရှေ့၊ တောင်) မြို့နယ် ၃ ခုမှာ ရှိတဲ့ လယ်မြေတွေကို ဒေသဖွံ့ဖြိုးရေး အကြောင်းပြပြီး ကုမ္ပဏီ(၁၅)ခုက သိမ်းယူထားတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ
ပြည်ထောင်စုလွှတ်တော်ရဲ့ ကော်မတီတခုကို ပို့ထားတယ်လို့ ရှေ့နေကိုဖိုးဖြူက ပြောပါတယ်။

လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်ကို ဒီလ ၁၂ ရက်နေ့က ပေးပို့ထားတာပါ တဲ့။

”တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်၊ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းတွေ ထိရောက်အောင်လို့ ဥပဒေရေးရာ ရူမြင်ချက်ကို ပေးပို့ပြီး တိုက်တွန်းတာပါ” လို့ ခရမ်းရောင် သာတူညီမျှဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေကိုဖိုးဖြူက ပြောပါတယ် ။

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းကနေဒီနေ့အချိန်ထိ ကုမ္မဏီ(၁၅)ခုက အကြောင်း အမျိုးမျိုးပြပြီး ဒေသခံတောင်သူလယ်သမား(၁,၀၈၅)ဦးရဲ့ လယ်တွေကို သိမ်းကြတာ ဧက (၁၀,၀၀၀)ကျော်ပါပြီ တဲ့။ ရွာပေါင်း ၉ရွာက လယ်မြေတွေလို့ ဆိုပါတယ်။

သိမ်းကြတဲ့ ကုမဏီတွေ ထဲမှာ ရွှေဟိန်းထက်၊ အေးရှားဝေါလ်၊ ရွှေတောင်၊ ဂွဒ်ဘရားသား၊ အမျိုးသား ကြီးပွားတိုးတက်ရေး ၊ ဧဒင်၊ ယုဇန စတဲ့ ကုမဏီကြီးတွေ ပါဝင်ကြပါတယ် တဲ့။

By Irrawaddy

No comments:

Post a Comment