Sunday 30 September 2012

ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက်ရှိ မေတ္တာရေကန်အတွင်းမှ အမျိုးသမီး လူသေအလောင်းတွေ့ရှိ


ပျဉ်းမနား စက်တင်ဘာ ၂၉

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်း မနားမြို့ ပေါင်းလောင်း(၂)ရပ်ကွက်ရှိ မေတ္တာရေကန်အတွင်းမှ အမျိုးသမီး လူ သေအလောင်းတွေ့ရှိရကြောင်း သိရ သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီက နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားရဲစခန်းမှ အမျိုးသမီး တစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ ဒုတိယရဲအုပ်အောင်မြတ် နှင့် တပ်ဖွဲ့ဝင်များသည် အခင်း ဖြစ်ပွားသည့် ပေါင်းလောင်း(၂)ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေး အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းအနီးရှိ မေတ္တာရေကန်သို့ အသိသက်သေများဖြစ်သည့် ပေါင်းလောင်း(၂) ရပ်ကွက် ရာအိမ်မှူး ဦးစန်း ဦး၊ ဦးဇော်မင်းတို့နှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ အလျားပေ ၆ဝ၊ အနံ ပေ ၅ဝ ခန့်ရှိ မေတ္တာရေကန်အတွင်း ကန်အနောက်ဘက်ကမ်းစပ်မှ ၁၅ ပေ အကွာ၊ ရေအနက် ၇ ပေခန့်တွင် ပေါ်နေသော အမျိုးသမီးတစ်ဦး၏ အလောင်း ကို ဆယ်ယူစစ်ဆေးရာ သေဆုံးသူမှာ မဇော်(ခ)ခိုင်သဇင် ၄၄ နှစ် (ဘ)ဦးမြင့်သိန်း (နေ့ပြန်၊ ငွေတိုးချေးလုပ်ငန်း)အိမ်အမှတ်(၂/၆၈ဝ) အာသီ သလမ်း ဦးကျေးရပ်ကွက် ပျဉ်းမနားမြို့ နေသူဖြစ်ကြောင်းသိရသည်။

အလောင်းတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရသဖြင့် ပျဉ်းမနားပြည်သူ့ ဆေးရုံခုတင်(၂ဝဝ)သို့ ရဲဆေးစာဖြင့်ပို့အပ်၍ မဇော် (ခ) ခိုင်သဇင် သေဆုံးမှု ကို ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ်သေဆုံးသည့် အကြောင်းအရာကို စစ်ဆေး နိုင်ရန် ဒုတိယရဲအုပ် အောင်မြတ်က တရားလိုပြုလုပ်၍ ပျဉ်းမနား ရဲစခန်းသို့ တိုင်တန်းသဖြင့် ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၃၈/၁၂) ဖြင့် ရေးဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

By Royal Hero Media

No comments:

Post a Comment