Sunday 30 September 2012

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်

အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု

ကြည်သည် နေရူးအမှတ်တရဟောပြောပွဲ၌ ဟောပြောပို့ချရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း The Times of India ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ အမှတ်တရပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း နိုဝင်ဘာလ တတိယပတ်အတွင်း ကျင်းပဖွယ်ရှိကြောင်းနှင့် အဆိုပါပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပါက ၎င်းမှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးသွားရောက်သည့်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။ ပြီးခဲ့သည့်ရက်များက ဒေါ်အောင်ဆန်းစုကြည်က မဟတ္တမဂန္ဒီနှင့် နေရူးတို့မှာ သူ့အပေါ်လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု  ပြောကြားထားသည်။

ယခုနှစ်အစောပိုင်းက အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် နေရူးအမှတ်တရပွဲ၌ ဟောပြောပို့ချရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့သည်။

By Eleven Media Group

No comments:

Post a Comment