Sunday 30 September 2012

အီရန်နျူကလီးယား အစီအစဉ် ကန့်သတ် ရပ်နားပေးထားရမယ့် မျဉ်းနီရေးဆွဲ သတ်မှတ်ပေးဖို့ အစ္စရေးဝန်ကြီးချုပ်က တောင်းဆို


စက်တင်ဘာလ ၃၀ ရက်။ ။ နျူကလီးယား လက်နက်များ ရယူလိုခြင်းမှ အီရန်နိုင်ငံအပေါ် တားဆီးနိုင်တဲ့ နည်းလမ်းဟာ သူ့ရဲ့ နျူကလီးယားဗုံး ထုတ်လုပ်မယ့် အစီအစဉ် ရပ်တန့်ပေးရမယ့် နေရာကို
ရှင်းလင်းပြတ်သားတဲ့ သတိပေး ကန့်သတ်ချက် အနီရောင်မျဉ်း သတ်မှတ်ပေးဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟုက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆို ပြောကြားလိုက်ကြောင်း အယ်ဂျာဇီးယားသတင်းမှာ ဖေါ်ပြထားပါတယ်။

နျူကလီးယားဗုံး ရယူပိုင်ဆိုင်လိုတဲ့ အီရန်နိုင်ငံအပေါ် ပဋိပက္ခမဖြစ်ပေါ်ဘဲ ငြိမ်းချမ်းစွာ တားဆီးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းရှိနေပြီး အဆိုပါနည်းလမ်းဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားလုပ်ငန်း အစီအစဉ်ကို မည်သည့်အဆင့်အထိသာ ထုတ်လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် အနီရောင်မျဉ်း သတ်မှတ်ပေးထားခြင်း ဖြစ်တယ်လို့ စက်တင်ဘာလ ၂၇ ရက် ကြာသာပတေးနေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုသွားပါတယ်။ အဆိုပါ ကန့်သတ်ထားမယ့် အနီရောင်မျဉ်းဟာ စစ်ပွဲကို ဦးတည်စေမှုမရှိဘဲ စစ်ပွဲကို တားဆီးပေးနိုင်မယ့် မျဉ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။


Ref; အယ်ဂျာဇီးယား

News from : ရတနာပုံဘာသာပြန်သတင်း
Post by အေးချမ်းမွန်

By Aye Chan on

No comments:

Post a Comment