Saturday 29 September 2012

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ကနေဒါ ဝန်ကြီးချုပ် အဖြစ် ဟန်ဆောင်ကာ ရေဒီယို ဟာသ သရုပ်ဆောင် နှစ်ဦးက ဖုန်းဆက်

ကနေဒါနိုင်ငံမှ ရေဒီယို ဟာသ သရုပ်ဆောင် နှစ်ဦးသည် ကနေဒါ ဝန်ကြီး ချုပ် စတီဗင်ဟာ ပါအဖြစ် ဟန်ဆောင် ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံသို့ စက်တင်ဘာ ၂၆ ရက်က
ဖုန်းဆက်၍ စကား ပြောဆိုခဲ့ သည်ဟု သိရသည်။
ဘန်သည် အဆိုပါ ဖုန်းကို လက်ခံ စကားပြောရန် အတွက် နယူးယောက် မြို့တွင်ပြုလုပ်သော ကုလသမဂ္ဂ ကမ္ဘာ့ ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲမှ ထွက်ခွာ ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဟာသသ ရုပ်ဆောင်နှစ်ဦး သည် ဘန်အား အင်္ဂလိပ် နှင့် ပြင်သစ် ဘာသာ စကားကို တစ်မျိုးစီ လှည့်ပြော ခဲ့ကြောင်း၊ ဘန်သည် နောက်ဆုံးတွင် နောက်ပြောင် ကျီစယ်ခံ နေရသည်ကို သဘောပေါက် သွားကြောင်း ၄င်းတို့ နှစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါ ဟာသ သရုပ်ဆောင် နှစ်ဦးသည် ထင်ရှား ကျော်ကြားသူများ နှင့် နိုင်ငံရေး သမားများကို ကျီစယ် နောက်ပြောင် ရာတွင် အလွန်နာမည် ကြီးသူ များဖြစ်ပြီး ဘန်ကို နောက် ပြောင်ကျီစယ်မိ သည့်အတွက် အနူး အညွတ် တောင်းပန် ခဲ့သည်ဟု သိရ သည်။


News From : မြ၀တီ
Post by အေးချမ်းမွန်

By Aye Chan Mon

No comments:

Post a Comment