Saturday 29 September 2012

တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံတင်ခွင့် ပြု


မိမိကိုယ်မိမိအဆုံးစီရင်မှု ကာကွယ်ရေးဆိုင်ရာသင်တန်း တက်ရောက်ရန် အမေရိကန်တပ်ဖွဲ့များ တစ်နေ့တာ တာဝန်များ ရပ်နားခဲ့ရ

အမေရိကန် စစ်တပ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင် များအား စက်တင်ဘာ ၂၇
ရက်တွင် တာဝန် အသီးသီးကို ခေတ္တ ရပ်နားထားပြီး ထိုနေ့ တစ်နေ့လုံးတွင် မိမိကိုယ် မိမိ အဆုံး စီရင်မှု ကာကွယ် တားဆီးရေး ဆိုင်ရာ လေ့ကျင့်မှု သင်တန်းကို တက်ရောက် ကြရန် စစ်တပ်မှ တာဝန်ရှိ သူများက စက်တင်ဘာ ၂၆ ရက်တွင် အမိန့် ထုတ်ပြန် ခဲ့သည်ဟု
သိရသည်။

ထို့ကြောင့် အာဖဂန် နစ္စတန် နိုင်ငံတွင် တာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင် များနှင့် စစ်ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသည့် ဆေးတပ်ဖွဲ့ဝင် များလည်း ၎င်းသင်တန်းတွင် တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ အာဖဂန် နစ္စတန် နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ၁ဝ နှစ်ကြာ စစ်ပွဲ အတွင်းတွင် အမေရိကန်တို့ ဘက်မှ သေဆုံးသည့် တပ်ဖွဲ့ဝင် ဦးရေသည် တစ်စထက် တစ်စ တိုးပွားလာပြီး တပ်ဖွဲ့ဝင်များ အကြား သွေးပျက် ချောက်ချားမှုများ မြင့်တက် လာသောကြောင့် တပ်ဖွဲ့ဝင် များ၏ မိမိကိုယ် မိမိ အဆုံး စီရင်မှု ပြဿနာသည် တဖြည်းဖြည်း ကြီးထွားလာခဲ့ ခြင်းကြောင့် ဖြစ်သည်။

အမေရိကန် စစ်တပ်မှ မိမိကိုယ်မိမိ အဆုံး စီရင်သူ ဦးရေသည် ၂ဝ၁၁ ခုနှစ် တွင် ၁၆၇ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ၂ဝဝ နီးပါး ရှိခဲ့ ကြောင်း၊ ထို့ကြောင့် စက်တင်ဘာ ၂၇ ရက်တွင် ၎င်းသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သစ်ထူးလွင်

No comments:

Post a Comment