Saturday 29 September 2012

ပြည်တွင်းရှိ တန်ဖိုးနည်း ငွေစက္ကူများ ပုံမှန်အတိုင်း ဆက်လက် သုံးစွဲနိုင်

ယခုရက်ပိုင်း ကာလ အတွင်းမှာ ပြည်တွင်းမှာ သုံးစွဲ လျက်ရှိတဲ့ ငွေစက္ကူများ အနက် ၅ တန်၊ ၁၀ ကျပ်တန်နဲ့ ၂၀ ကျပ်တန် တို့အား ပြန်လည် ရုတ်သိမ်းမည်ဟူသော မဟုတ်မမှန် သတင်းများ ထွက်ပေါ် လျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ
ထုတ်ပြန် ကြေညာချက် အရ လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ လက်ရှိ ကာလမှာ မည်သည့် ငွေစက္ကူကိုမျှ ရုတ်သိမ်းဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။


ဒီလို ဆောင်ရွက်ရာမှာ ၁၉၉၀ ခုနှစ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အခန်း ၃ ဖြစ်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လုပ်ငန်း တာဝန်နဲ့ လုပ်ပိုင်ခွင့်များ အပိုဒ် ၈ အပိုဒ်ခွဲ က တွင် ငွေစက္ကူများ သို့မဟုတ် ဒင်္ဂါးများ ဖြစ်တဲ့ ပြည်တွင်းသုံးစွဲငွေ များကို တစ်ဦးတည်း ထုတ်ဝေသူ အဖြစ် ဖော်ပြ ပါရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခန်း ၆ အရ သုံးစွဲ ထုတ်ဝေခြင်း အပိုဒ် ၄၅ မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လှည့်လည် သုံးစွဲနေတဲ့ မည်သည့် ငွေစက္ကူများ သို့မဟုတ် ဒင်္ဂါးများကို မဆို ရုတ်သိမ်းဖို့ လိုအပ်ပါက  အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အများ ပြည်သူတို့ ကြော်ငြာချက် ထုတ်ပြန် သွားမှာ ဖြစ်တယ်လို့ သိပါတယ်။



အဲ့ဒီလို အစီအစဉ် ရှိခဲ့ပါ ကလည်း နိုင်ငံတော် အစိုးရ အဖွဲ့အား တင်ပြခြင်း၊ ပြည်သူလူထုအား ကြိုတင် အသိပေးခြင်း၊ အစရှိတဲ့ ကိစ္စရပ်များကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။  ဒါ့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ ၁၉၅၂ ခုနှစ်မှ စတင်ပြီး လက်ရှိကာလ အထိ တရားမ၀င် ကြေညာ ထားပြီးဖြစ်တဲ့ ငွေစက္ကူများ မှအပ ကျန်ငွေ စက္ကူများ ဖြစ်တဲ့ တစ်ကျပ်တန်မှ တစ်သောင်းတန် အထိ ငွေစက္ကူ အားလုံးဟာ တရားဝင် လှည့်လည် သုံးစွဲ နိုင်တယ်လို့ သတင်း ရရှိပါတယ်။

By MRTV-4

No comments:

Post a Comment