Saturday 29 September 2012

အနောက် ဥရောပနိုင်ငံများ အနက် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံကို ခရီးသွား အများဆုံး ၀င်ရောက်မှု ရှိနေ


မြန်မာနိုင်ငံကို ယခုနှစ် ပြည်ပခရီးသွား ပိုမိုဝင်ရောက် လာရာမှာတော့ အာရှ နိုင်ငံများနဲ့ အနောက် ဥရောပ နိုင်ငံများမှာ အာရှ နိုင်ငံများမှ ခရီးသွားဝင်ရောက်မှု ပိုမိုများပြား နေတာ ဖြစ်ပါတယ်။ ဒီလို အနောက် ဥရောပ နိုင်ငံများမှ ခရီးသွား ၀င်ရောက်မှုဟာ ပြင်သစ် နိုင်ငံမှ
အများဆုံး ၀င်ရောက်မှု ရှိနေတာ ဖြစ်တယ်လို့ ရန်ကုန် လေဆိပ် ကောင်တာမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြည်ပ ခရီးသွားများ ၀င်ရောက် လျက်ရှိရာ မှာတော့ ပြင်သစ် လူမျိုးများ အနေနဲ့ ဇန်န၀ါရီလမှာ သုံးထောင့် ရှစ်ရာကျော်၊ ဖေဖော်ဝါရီလမှာ သုံးထောင့် ခုနှစ်ရာကျော်၊ မတ်လမှာ နှစ်ထောင့် ရှစ်ရာကျော်၊ ဧပြီလမှာ တစ်ထောင့် ရှစ်ရာကျော်၊ မေလမှာ ၈၀၀ ကျော်၊ ဇွန်လမှာ ခုနှစ်ရာကျော်၊ ဇူလိုင်လမှာ တစ်ထောင့် ရှစ်ရာကျော်၊ သြဂုတ်လမှာ တစ်ထောင့် ခုနှစ်ရာကျော် ၀င်ရောက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ခရီးသွား ၀င်ရောက်ဟာ လက်ရှိကာလ ၀င်ရောက်မှုများ ရှိခဲ့ပေမယ့် မိုးတွင်း ကာလ မှာတော့ အနည်းငယ် လျော့ကျမှုများ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက် ဥရောပ နိုင်ငံများ ဖြစ်တဲ့ ဂျာမနီ၊ အင်္ဂလန် အစရှိတဲ့ နိုင်ငံများ မှလည်း ခရီးသွား ၀င်ရောက် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ရန်ကုန် လေဆိပ်မှ အနောက် ဥရောပ နိုင်ငံများထဲမှ ခရီးသွားများ ၀င်ရောက်မှု မှာတော့ သြစတြေးလျ နိုင်ငံမှ အနည်းဆုံး ဖြစ်ပြီး တစ်လကို နှစ်ရာ ခန့်သာ ၀င်ရောက်မှု ရှိတာ ဖြစ်ပါတယ်။ အခုလိုဝင်ရောက်မှုတွေထဲမှာ ရန်ကုန် လေဆိပ်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လ အထိ ၈ လတာ ကာလ အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် သုံးသိန်းကျော် ၀င်ရောက် ခဲ့တာ ဖြစ်ပါတယ်။

By MRTV-4

No comments:

Post a Comment