Saturday 29 September 2012

မနေ့ ကစစ်တွေမြို့ တွင်ဖြစ်ပွားခဲ့သောအခြေအနေ(ဓာတ်ပုံများ)


ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည်

စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော်
တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း
သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့်
ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန်
ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူများကို တားဆီးနေပြီး
စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။

























ရွှေမြန်မာ

No comments:

Post a Comment