တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ထင်းရှုးမြိုင်တောရ ဘုန်းတော်ကြီးကျောင်းအား ကျူးကျော် အဖြစ် သတ်မှတ်၍ မြို့နယ် သံဃနာယကအဖွဲ့ဝင်များ နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက
စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည်၁၂ နာရီကျော်က ဖယ်ရှား ဖြိုဖျက်ခဲ့ကြသည်။ ကျောင်းတိုက်အား ၂၀၀၀ ခုနှစ် ၀န်းကျင်က စတင်တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်၍ ယခုကဲ့သို့ မဖယ်ရှားမီ သက်ဆိုင်ရာမှ အကြိမ်ကြိမ် သတိပေးစာ ပေးပို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဖြိုဖျက်ခံရသော ကျောင်းနေရာတွင် မည်သည့် အဆောက်အဦးဆောက်လုပ်မည်ကို မသိရပေ။ အဆိုပါကျောင်းတိုက်တွင် ရဟန်း သုံးပါနှင့် သာမဏေ ၁၁ ပါး သီတင်းလျှက်ရှိသည်။
By Yangon Press International



No comments:
Post a Comment