Wednesday 19 September 2012

ဂျပန်မှုန်းတီးရေ ဆန္ဒပြမှုများကြောင့် တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါ၊ မာဇဒါ ကားစက်ရုံများ ယာယီရပ်နား


စက်တင်ဘာ ၁၈ ရက်နေ့သည် ဂျပန်တပ်တို့ တရုတ်ပြည်မြောက်ပိုင်းကို စတင်သိမ်းပိုက်သည့် ၈၁ နှစ်ပြည့် အထိမ်းအမှတ်နေ့ အထိမ်းအမှတ်ဖြစ်သည်။ ထို့ကြောင့် ယင်းအနေ့အထိမ်းအမှတ်အနေဖြင့်
တရုတ်ပြည်ရှိ ဂျပန် စီးပွားရေးလုပ်ငန်းနှင့် စက်ရုံ၊ အဆောက်အအုံများအား တရုတ်တို့ အစုလိုက်အဖွဲ့လိုက် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

၁၉၃၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တရုတ်ပြည်မြောက်ပိုင်းသို့ ဝင်ရောက်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မကျင့်ခြင်း အစရှိသဖြင့် စစ်၏စည်းမျဉ်းကို မလိုက်နာပဲ ရက်စက်ခဲ့ကြ သည်။ ယင်းအတွက် ယနေ့တိုင်နာကြည်းနေသော တရုတ်တို့က နှစ်ပတ် လည် စက်တင်ဘာ ၁၈ ရောက်တိုင်း တရုတ်ပြည်ရောက် ဂျပန်များကို ဒုက္ခပေးလေ့ ရှိသည်။ ဂျပန်တို့ တရုတ်ပြည်ကို သိမ်းပိုက်စဉ် တရုတ်လူမျိုး သန်း ၂၀ကျော်ကို သေကြေစေခဲ့ခြင်းကြောင့် ဖြစ်သည်။

အထူးသဖြင့် ကားများကို အဓိက ရည်ရွယ်ချက်ထားပြီး ဖျက်ဆီးသည်။ စက်ရုံများကို လိုက်လံမီးရှို့ သည်။ ဂျပန် စက်ရုံများ ဖြစ်သော ဟွန်ဒါ၊ မာဇဒါ၊ တိုယိုတာ၊ နစ်ဆန်း အစရှိသည့် ကားကုမ္မဏီများအပြင် Panasonic ကဲ့သို့ အီလက်ထရောနစ် ပစ္စည်းကုမ္မဏီ များပါ ဒုက္ခရောက်လျက်ရှိသည်။ အစုလိုက်အဖွဲ့လိုက် စက်ရုံမီးရှို့ ခြင်း၊ ကားများအား ဖျက်ဆီးခြင်း၊ လမ်းပေါ်တွင် ဂျပန်ထုတ်ကားများကို တိုက်ခြင်း၊ လမ်းကြော မပေးခြင်း အစရှိသဖြင့် တို့ကို ယခုရက်ပိုင်းအတွင်း ပြုလုပ်လာပြီး စက်တင်ဘာ ၁၈ နီးလေလေ ပြင်းထန်လေလေဖြစ်သည်။

ထို့ကြောင့် တရုတ်အစိုးရနှင့် သက်ဆိုင်ရာ လုံခြုံရေးအရာရှိများထံ ဂျပန်အစိုးရမှ တိုက်ရိုက်အကူအညီတောင်း ကာ ဖြေရှင်းပေးခိုင်းသော် လည်း နှစ်စဉ် တားဆီးရန် ခက်ခဲ့သည့် ပဋိပက္ခတစ်ခုအဖြစ် တည်ရှိနေ ဆဲ ဖြစ်ကြောင်း သိရသည်။
--
Ref:autoblog

မူရင်းသတင်း----ColayOnline:Automobile

By Aye Chan Mon

No comments:

Post a Comment