Wednesday 19 September 2012

၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးရဲ့နိုင်ငံကူးလက်မှတ်တွေရရှိ


ဒီကနေ့နေ့လည်မှာ နိုင်ငံကူးလက်မှတ်ရုံးက ကိုမြအေးဆီဖုန်းဆက်ပြီး
နိုင်ငံကူးလက်မှတ်တွေရရှိပြီဖြစ် ကြောင်း အကြောင်းကြားလာတာဖြစ်တယ်
လို့ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုစိုးထွန်းက RFA ကိုပြောပါတယ်။

အခုလိုပထမအသုတ်အနေနဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးကို နိုင်ငံကူးလက်မှတ်ချပေးလိုက်တဲ့အပေါ် ၀မ်းသာကြိုဆိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးက RFA ကိုပြောပါတယ်။

ဒီကနေ့ နိုင်ငံကူးလက်မှတ်ရရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုစိုးထွန်း၊ကိုမြအေး၊
ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်သက်ထွေး၊ ကိုပြုံးချို၊ ကိုသက်ဇော်၊ ကိုလှမျိုးနောင်၊ ကိုရဲဝင်း၊ ကိုမျိုးမင်းထိုက်၊ ကိုမျိုးအောင်ထွေး၊မမီးမီး ခေါ် မသင်းသင်းထွေး၊ မယဉ်ယဉ်ဝိုင်း၊ မသရဖီ သိန်းမြင့်ထွန်းတို့ဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးဟာ မတ်လအတွင်းက တပြိုင်နက်ထဲ
နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ လွန်ခဲ့တဲ့သီတင်းပါတ်အတွင်း ကိုကိုကြီး၊ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ ၃ဦးကိုသာ နိုင်ငံကူး
လက်မှတ်ချပေးခဲ့တဲ့ အတွက် တပြေးညီမရှိဘူးဆိုပြီး ကိုမင်းကိုနိုင်က NED အဖွဲ့ကပေးမယ့် ဆုလက်ခံယူဖို့ အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။


နိုင်ငံကူးလက်မှတ် ရရှိခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသားများ စာရင်း

၁။ ပေါ်ဦးထွန်း (ခေါ်) မင်းကိုနိုင်
၂။ ကိုကိုကြီး
၃။ မင်းဇေယျ
၎။ ဌေးကြွယ်
၅။ ပြုံးချို
၆။ အံ့ဘွယ်ကျော်
၇။ မြအေး
၈။ ထွန်းမြင့်အောင်
၉။ စိုးထွန်း
၁၀။ ပဏ္ဍိတ်ထွန်း
၁၁။ မြတ်သူ
၁၂။ သက်ဇော်
၁၃။ သင်းသင်းအေး (ခေါ်) မီးမီး
၁၄။ ယဉ်ယဉ်ဝိုင်း
၁၅။ သရဖီသိမ့်သိမ့်ထွန်း
၁၆။ အေးသီတာ
၁၇။ ရဲဝင်း
၁၈။ ဇော်သက်ထွေး
၁၉။ မျိုးအောင်ထွေး

By 7Day News & 88 Generation Students

No comments:

Post a Comment