Wednesday 19 September 2012

ရာဘမူးယစ်ဆေးသုံးစွဲသော စစ်တပ်အရာရှိတစ်ဦး အရေးယူခံရ


ခလရ ၂၈၄ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး
မူးယစ်ဆေးဝါးသုံးစွဲပြီး တပ်ရင်းမှ
ထွက်ပြေးတိမ်း ရှောင်နေရာမှ ယမန်နေ့
တွင်ဖမ်းဆီးရမိထားကြောင်း ဘုရား
သုံးဆူမြို့ခံ ဝန်ထမ်းများထံမှ
သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အခြေစိုက် ခလရ ၂၈၄ တပ်ရင်းတွင် ထိန်းသိမ်းထား သော၎င်းဗိုလ်ကြီး၏အမည်အား သိရှိထားသော်လည်း
အတည်မပြုနိုင်သေးပေ။

“ဒီဗိုလ်ကြီးကဇယားတော်တော်ရှုပ်တယ်၊ ငွေမရှိလို့ သူ့သေနတ်ကို အကြိမ်ကြိမ်ပေါင်ပြီး ပြန်ရွေးခဲ့တာလည်းအကြိမ်မနည်းရှိခဲ့တယ်’ ဟု ဘုရားသုံး
ဆူမြို့မှ အမည်မဖော်လိုသူ အကြောင်းသိတစ်ဦးက ပြောသည်။

ထို့အပြင် အပျော်အပါးကိစ္စတွင် မိန်းမလိုက်စားသူဟုလည်း မြို့ခံများအကြား၌
ပြောဆိုနေကြ သည်။

“ဘုရားသုံးဆူမြို့ ကရင်စု ရပ်ကွက်သုံးမှာ ဆေးသုံးစွဲရင် အခန်းတွေ၊ လိုအပ်တဲ့
ပစ္စည်းပိုက်တွေ၊ ဗူးတွေ အဆင်သင့် ရနိုင်တယ်” ဟု မြို့ခံတစ်ဦးက
ပြောသည်။(shwe myanmar)

By June Naing

No comments:

Post a Comment