Wednesday 19 September 2012

နူးယောက်ခ်မြို့ JFK လေဆိပ်ကြီး၌ ဗုံးလန့်မှု ဖြစ်ပွားခဲ့

Written by ရွှေလုံး အယ်ဒီတာ
Wednesday, 19 September 2012

အမည်မဖော်သူ တစ်ဦး၏ တယ်လီဖုန်းခေါ်ဆို သတင်းပေးပို့မှုကြောင့် အမျိုးသား လေကြောင်းထိန်းချုပ်ရေးမှ လေဆိပ်သို့ ဆင်းသက်
လာနေသည့် လေယာဉ် ၂ စီးအား ဟန့်တားခဲ့ပြီး အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့များ၊ ဗုံးရှာဖွေရေး တပ်ဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ရာ မည်သည့် အရာကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။

အဆိုပါ သတင်းပေးပို့သူက အဆိုပါ လေယာဉ် ၂ စီးပေါ်၌ အကြမ်းဖက်သမားများနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပါလာကြောင်း ပြောကြားခဲ့ပြီးနောက် ယင်းကဲ့သို့ အရေးပေါ် ရှာဖွေခဲ့ခြင်းဖြစ်သည်။

လေယာဉ် ၂ စီးအနက် တစ်စီးမှာ ဆန်ဖရန်စစ္စကိုမှ နူးယောက်ခ်သို့ ပျံသန်းလားသည့် အမေရိကန် လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပြီး၊ အခြားတစ်စီးမှာ ဖင်လန်နိုင်ငံမှ နူးယောက်ခ်သို့ ပျံသန်းလာသည့် ဖင်လန်လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်သည်။

ရှာဖွေမှုများအပြီးနောက် FBI က အန္တရာယ်မရှိတော့ကြောင်း၊ ရရှိသည့် သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ခရီးသည် များလည်း လိုရာခရီးသို့ ရောက်ရှိခဲ့ရသည်။

လေယာဉ်မှူးများနှင့် လေယာဉ်ဝန်ထမ်းများကမူ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိဟုဆိုသည်။

မူရင်းသတင်း--Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network

By Aye Chan Mon

No comments:

Post a Comment