Friday 17 August 2012

Myanmar Airways မှ E-Ticketing System ဖြင့် လက်မှတ် ဝယ်ယူနိုင်မည်


Myanmar Airways က အွန်လိုင်းပေါ် မှတစ်ဆင့်
 လေယာဉ် လက်မှတ်များကို ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း
၎င်းတို့၏ ဆိုက်ဖြစ်သော www.myanmaairways.aero
 ၏ ထုတ်ပြန်ချက် အရ သိရသည်။



အဆိုပါ E-Ticketing စနစ်ကို သြဂုတ်လ ၃ရက်နေ့မှ စတင်ပြီး အသုံးပြုနိုင်ကြောင်း၊ သို့သော် ယင်းစနစ်ကို အသုံးပြုသူများ အနေဖြင့် မြန်မာ့ စီးပွားရေးဘဏ် ( MEB ) တွ င် Electronic Account ဖွင့်ထားရန် လိုအပ်ကြောင်း ၎င်းဆိုက်တွင် ဖော်ပြထားသည်။


“အဓိက ကတော့ အင်တာနက် မြန်ဆန်ဖို့ပဲ လိုအပ်တာပါ။ ဈေးကိုလဲ တက်နိုင်သလောက် လျှော့ပေးနိုင်ရင် ပိုကောင်းမယ်။အဲဒါဆိုရင် အဆင်ပြေ လာလိမ့်မယ်” ဟု အိုင်တီ ကျွမ်းကျင်သူ ကိုဖိုးခွားက ဆိုသည်။

အခြား ပုဂ္ဂလိက ဘဏ်များနှင့် ၂၀၁၂ ယခုလအတွင်း ညှိနှိုင်း ဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် MPU Card စတင် အသုံးပြုလာပါက E-Ticketing စနစ် ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
အဆိုပါ ဆိုက်တွင် ဖော်ပြပါရှိသည်။

The voice weekly

ရွှေမြန်မာ

No comments:

Post a Comment