Friday 17 August 2012

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု


(ပြန်တမ်းဝင်အရာရှိ)များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇(၁) အရ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန် ပြင်ပတွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ နှင့် တရားရုံးများ
ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့အရ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန် မလိုဘဲ ဥပဒေနှင့်အညီ တရားစွဲဆို တင်ပို့နိုင်ပြီဟု သြဂုတ်လ ၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ အစိုးရအဖွဲ့ အဆင့်ဆင့်မှ အကြောင်းကြားချက် အရ သိရသည်။ ယခင်က ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ) များ ပြစ်မှုကျူးလွန်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့များထံမှ တရားစွဲဆိုခွင့်ပြုမိန့် မလိုအပ်ဘဲ တင်ပြတောင်းခံနေရ၍ ဦးစီးဆိုင်ရာ လုပ်ငန်းများနှင့် အမှုများသည် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။ ထိုသို့ တင်ပြတောင်းခံသည့် ပြစ်မှုများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ၂၁-၃-၂၀၁၂ ရက်နေ့၌ တာဝန်ထမ်းဆောင်မှုနှင့် ဆက်စပ်မှုမရှိသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြုလုပ်မှုများကို တရားစွဲဆိုခွင့်ပြုမိန့် ရယူရန် မလိုအပ်ဟု ထင်မြင်ယူဆကြောင်းကို ပြန်ကြားခဲ့ခြင်း ဖြစ်သည်။ “နှစ်ပိုင်းရှိတယ်။ အကျဉ်းဦးစီးတို့၊ စစ်ဘက်ဆိုင်ရာတို့မှာတော့ အဆင့်ဆင့် တင်ပြရမှာပါ။ ကျန်တဲ့ဌာနတွေဆို အကြောင်းကြားစာပဲ ပို့ရပါမယ်။ ဥပဒေနဲ့အညီ လုပ်ဖို့ပဲရှိပါတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitluunge

No comments:

Post a Comment