Friday 17 August 2012

""DVB ပြည်တွင်းသတင်းထောက်များအာလုံး ရုံးချုပ်သို့ သတင်းမပို့ရန် ဆုံးဖြတ်""


နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ်
 မြန်မာအသံ (DVB)ရုပ်မြင်သံကြား ရုံးချုပ်၏
လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေနှင့်
မြန်မာနိုင်ငံအတွင်းရှိ DVB သတင်းထောက်များအား
လုံး သတင်းမတင်ရန်ဆုံးဖြတ်ခဲ့ကြောင်း ၄င်းတို့ထံမှ

သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရသည့်အကြောင်းရင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက
...
ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းတွင် ဖွင့်လှစ်ခဲ့သည့် DVB
ရုံးခွဲတွင် အုပ်ချုပ်ရေးပိုင်းနှင့် စီမံခန့်ခွဲမှု လုပ်ထုံလုပ်နည်း များ
နည်းလမ်းမကျသောကြောင့် ဖြစ်ကြောင်း ၄င်းတို့က တူညီစွာ ပြောဆိုကြသည်။

အဆိုပါဆုံးဖြတ်ချက်ကို ရန်ကုန်အခြေစိုက် DVB သတင်းထောက် အယောက် ၃၀
အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါထောက်ခံခဲ့ကြကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။

“ ကျွန်တော်တို့က ရွှေဝါရောင်တော်လှန်ရေး ၊ နာဂစ် ၊ ရွေးကောက်ပွဲ(၂၀၁၀နှင့်ကြားဖြတ်) တွေမှာ
အဖမ်းခံရမှာ မကြောက်ဘဲနဲ့ လုပ်ခဲ့တာ။
အနစ်နာ ခံခဲ့တာတွေကို ဂရုမစိုက်ဘဲမြန်မာပြည်ရုံးခွဲအတွက် တာဝန်ခံခန့် တဲ့အခါမှာ တစ်ခြားသူတွေခန့်တယ်။

ပြီးတော့ ပြန်ကြားရေးကို ထောက်ခံတဲ့ လုပ်ရပ်မျိုးတွေကလက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟုနေပြည်တော်တွင် လွှတ်တော်သတင်းယူနေသာDVBသတင်းထောက်တစ်ဦးက ပြောကြားသည်။

ယနေ့ DVB သတင်းထောက် ၃၀ ဦး၏ အစည်းအဝေးဆုံးဖြတ်ချက်ကို
သဘောတူညီသည့်အနေနှင့် လွှတ်တော်သတင်း ဗွီဒီယိုကလစ်များကို လုံးဝ
မပို့ကြောင်း ၄င်းက ဆိုသည်။

DVB သည် ရွှေဝါရောင်တော်လှန်ရေးတွင် ဖြစ်ရပ်မှန်များကို နိုင်ငံတကာသို့
ရိုက်ပြနိုင်ခဲ့သော Burmar VJ အဖွဲ့ကို ငွေးကြေးအလွဲသုံးစားလုပ်မှုဖြင့်စွပ်စွဲတရားစွဲမှုအပြီးတွင်
DVB သတင်းထောက်များကို ခံစားခွင့်များတိုးမြင့်ပေးရန် အော်စလိုရှိ DVB ရုံးချုပ်မှ ကတိပေးထားသော်လည်းယခုအချိန်ထိ ဖြစ်လာခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်အခြေစိုက်DVB သတင်းထောက်များ ယနေ့ အစည်းအဝေးတစ်ရပ်ပြုလုပ်၍
ပြသာနာ ဖြစ်ရသည့် အကြောင်းအရင်း နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများကို
နော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေလ်ပို့ထားပြီး
ဖြစ်ကြောင်း ယင်းသတင်းများထံမှ သိရသည်။

“ ဒီရက်ပိုင်းအတွင်း ခုပြဿနာတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။
မန္တလေးက သတင်းထောက်တွေလည်း ရန်ကုန်ကို လာကြမယ်။” ဟု ရန်ကုန်အခြေစိုက် DVB
သတင်းထောက်က ဆိုသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ် ဇူလှိုင်လတွင်
စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းအပြီးတွင် ပိုမိုလူသိများလာခဲ့သည်။

The voice weekly

ရွှေမြန်မာ

No comments:

Post a Comment