Friday 17 August 2012

ရသေ့တောင်မြို့ ကျေးရွာများတွင် လုံခြုံ ရေးအတွက် ဒေသခံများ ကင်းစောင့်နေရ


ရခိုင်ပြည်နယ် ဒေသအတွင်းမှာ တည်ငြိမ်မှု ရှိနေပြီလို့ အစိုးရ
ဘက်က ပြောနေပမယ့် ရေသ့တောင်မြို့နယ်က ကျေးရွာတွေမှာ
တော့ ရပ်ရွာလုံခြုံ ရေး အတွက် ဒေသခံတွေ ညကင်းစောင့်နေကြ
ရဆဲ ဖြစ်ပါတယ်။


ရေသ့တောင်မြို့နယ်ထဲက ကျေးရွာတွေမှာ ည ၇ နာရီကေန မနက် ၆ နာရီထိ ရပ်ရွာလုံခြုံရေးအတွက် ညကင်းစောင့်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရေသ့တောင်မြို့နယ် သရက်ချောင်းကျေးရွာ ဒေသခံတဦးက “ကင်းက ကျေန်ာတို့ရွာမှာ ၃ နေရာ ခွဲပြီး စောင့်ကြရပါတယ်။

 ဘာဖြစ်လို့လည်း ဆိုတော့ သူတို့အခြေအနေ က အေးအေးဆေးဆေးတော့ မဟုတ်ပါဘူး။ တောင်ယာတွေကိုလာဖျက် ဟိုဖျက် ဒီဖျက်၊ ဖျက်ဆီးနေကြတုန်းပါ။

 အရင်က နွားတွေကို တောင်မှာ လွှတ်ပြီး ကျောင်းလေ့ရှိပေမယ့် အခု ကျေန်ာတို့မှာ နွားတွေကိုတောင် လွတ်လွတ်လပ်လပ်ကျောင်းလို့မရေတာ့ဘူး။

ဒုက္ခေရာက်နြေကရ ပါတယ်။”ရေသ့တောင်မြို့နယ်ထဲမှာ ခမရ ၅၃၆၊ ၅၃၇ နဲ့  ၅၂၈ တို့က တာဝန်ယူနေတယ် ဆိုပေမယ့် ကျောက်တန်း၊ စေတီပြင်၊ သရက်ချောင်း ကျေးရွာတွေ အားလုံးမှာ ညကင်းစောင့်နြေကရ တာပါ။ဒေသခံစစ်တပ်အေနနဲ့ အဲ့ဒီကျေးရွာတွေကို တခါတရံမှသာ လာရောက်ကြတဲ့အတွက် ကိုယ်ရွာရဲ့ လုံခြုံရေးကို ရွာသားတွေ ကိုယ်တိုင် တာဝန်ယူနေကြရတာလို့ ဆိုပါတယ်။

“အစိုးရလုံခြုံရေးဆိုတာ ရှိတယ်ဆိုတာ ကြားတော့ ကြားပါတယ်။ ဒါပေမယ့် ကျေနာ့် ရွာမှာ မရှိဘူး။ ကျေန်ာတို့ကမ်းခြေမှာ ရေသ့တောင်မြို့နယ်မှာ မမြင်ဘူး။ ဘင်္ဂါလီတွေနေတဲ့ နယ်စပ်ဘက်မှာတော့ ရှိတယ်လို့ ပြောသံကြားပါတယ်။ ကျနော်တို့ ရွာတွေကိုတော့ မရောက်ဘူး။

”အခုလို ကင်းစောင့်နေရတာဟာ ဒေသခံတွေရဲ့ အလုပ်အကိုင်တွေ ထိခိုက်လာနိုင် သလို ရေရှည်မှာ လည်း စားဝတ်နေရး အခက်အခဲ ကြုံတွေ့လာနိုင်တယ်လို့ ပြောပါတယ်။ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တွေမှာ ဇွန်လနဲ့ သြဂုတ်လေတွက ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။

အခုအခါမှာတော့ မောင်တော နဲ့ ဘူးသီးတောင်မှာ ည ၆ နာရီ ကေန မနက် ၆ နာရီသတ်မှတ်ထားရာကေန့  ည ၇ နာရီကေန မနက် ၅ နာရီထိ၊ မင်းပြားနဲ့ မြောက်ဦး တို့မှာ ည ၁၀ နာရီကေန မနက် ၄ နာရီအထိ ပြင်ဆင်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

DVB(မြန်မာပိုင်း)

ရွှေမြန်မာ

No comments:

Post a Comment